မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
မဿဲ 26:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍ Common Language Bible ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊- Garrad Bible ထို နောက် တစ် ဆယ့် နှစ် ပါး အ ပါ အ ဝင် ယု ဒ ဣ ရှ ကာ ရုတ် ခေါ် သူ သည် ပ ရော ဟိတ် ကြီး တို့ ထံ သွား၍ ကိုယ် တော် ကို ပို့ အပ် လျှင် Judson Bible ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင် မြန်မာ ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍၊- |
မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
ထိုအခါ ကိုယ်တော်ကိုအပ်နှံတော့မည့်ယုဒက “ရဗ္ဗိ၊ အကျွန်ုပ်လော”ဟု မေးလျှောက်သော် ကိုယ်တော်က“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက်
သို့သော် တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ကိုယ်တော်ကိုအပ်နှံတော့မည့်သူ ယုဒဣရှကာရုတ်က
ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
ယေရှုကလည်း“ထိုသူကား မုန့်တစ်ဖဲ့ကိုငါနှစ်၍ ပေးသောသူဖြစ်၏”ဟု ပြန်၍မိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့ကိုနှစ်ပြီးမှ ၎င်းကိုယူ၍ ရှိမုန်၏သား ယုဒဣရှကာရုတ်အား ပေးတော်မူ၏။
ယုဒသည် မုန့်တစ်ဖဲ့ကိုခံယူပြီးလျှင် ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
ယေရှုသည် ထိုအရပ်တွင် တပည့်တော်တို့နှင့် မကြာခဏစုဝေးလေ့ရှိသောကြောင့် ကိုယ်တော်ကိုအပ်နှံမည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထား၏။
“ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြပေးသူဖြစ်သည့် ယုဒဣရှကာရုတ်နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်၏နှုတ်အားဖြင့် ကြိုတင်ဟောကြားထားသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်၏။
သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။