အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 25:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပညာ​သတိ​ရှိ​သော​သူ​တို့​မူကား မိမိ​တို့​မီးခွက်​နှင့်အတူ ဆီ​ကို ဘူး​ထဲ၌​ယူ​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သ တိ ပ ညာ ရှိ သူ တို့ မူ ကား မီး ခွက် နှင့် တ ကွ ဘူး တွင် ဆီ ထည့်၍ ယူ ခဲ့ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​မူ​ကား၊ မီး​ခွက်​နှင့်​တ​ကွ ဘူး၌​ပါ​သော​ဆီ​ကို​လည်း ယူ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပညာသတိရှိသော​အပျိုရံတို့​မှာမူ မိမိတို့​၏ ဆီမီးခွက်များ​နှင့်အတူ ဆီ​အပိုများ​ကိုလည်း ဘူး​ထဲ​၌ ယူခဲ့ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​မူ​ကား၊ မီး​ခွက်​နှင့်​တ​ကွ ဘူး၌​ပါ​သော​ဆီ​ကို​လည်း ယူ​ကြ၏။-

အခန်းကိုကြည့်ပါ။



မဿဲ 25:4
15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏​။ ထို့ကြောင့် ဘုရားသခင်​တည်းဟူသော ကိုယ်တော်​၏​ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်ပေး​တော်မူ​၏​။


နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။


ထို​သူ​တို့​ထဲမှ ငါး​ယောက်​သည် မိုက်မဲ​သော​သူ​ဖြစ်​ကြ​ပြီး ငါး​ယောက်​သည် ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။


မိုက်မဲ​သော​သူ​တို့​သည် မိမိ​တို့​၏​မီးခွက်​ကို ယူ​သွား​ကြ​သော်လည်း မိမိ​တို့​နှင့်အတူ ဆီ​ကို​မ​ယူ​သွား​ကြ။


သတို့သား​သည် ကြန့်ကြာ​နေ​သောကြောင့် သူ​တို့​အားလုံး​သည် ငိုက်မျဉ်း​၍ အိပ်ပျော်​ကြ​၏။


သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။


ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​များ​ကို​မြွက်ဆို​တတ်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို အတိုင်းအဆ​မ​ရှိ​ပေး​တော်မူ​၏။


သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။


ထို​ဘုရားသခင်​သည် ငါ​တို့​ကို​တံဆိပ်​ခတ်နှိပ်​တော်မူ​၍ စရန်​အဖြစ် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ ဝိညာဉ်​တော်​ကို သွင်း​ပေး​တော်မူ​၏။


သင်​တို့​မူကား သန့်ရှင်း​တော်မူ​သော​အရှင်​ထံမှ ဘိသိက်​ကျေးဇူး​ကို ခံစား​ရ​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ကို​သိ​ကြ​၏။


သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။


ထို​သူ​တို့​သည် ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာတိ​နှင့်ဆိုင်သော​သူ၊ ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။