မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
မဿဲ 24:34 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီတိုင်အောင် ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။- Garrad Bible ထို အ ခြင်း အ ရာ အ လုံး စုံ မ ဖြစ် မီ ယ ခု လူ မျိုး မ ကွယ် မ လွန် ရ ငါ အ မှန် ဆို၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ဤအရာများအားလုံး မဖြစ်ပျက်မီအချိန်ထိ ယခုရှိသောမျိုးဆက် ကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။ မြန်မာ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- |
မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် လူ့သားသည် မိမိ၏နိုင်ငံတော်နှင့်ကြွလာသည်ကိုမမြင်မီ သေခြင်းကို မမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုမည်။ ဤအရာအားလုံးတို့သည် ဤမျိုးဆက်အပေါ် ကျရောက်လိမ့်မည်။
ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။