အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 24:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို နေ့ ရက် ကာ လ တွင် ကိုယ် ဝန် ဆောင် မိန်း မ နှင့် နို့ ငင် မိန်း မ တို့ အ ကျိုး နည်း လေ စွ။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့ကလေးငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



မဿဲ 24:19
12 ပူးပေါင်းရင်းမြစ်များ  

ရှောလု​မင်းကြီး​၏​သား ယောနသန်​၌ ခြေမသန်​သော​သား​တစ်​ဦး​ရှိ​၏​။ ယေဇရေလ​မြို့​မှ ရှောလု​မင်းကြီး​နှင့်​ယောနသန်​၏​သတင်း​ရောက်လာ​ချိန်​၌ ထို​သား​သည် အသက်​ငါး​နှစ်​သာ​ရှိ​သေး​၏​။ ထို​သတင်း​ကြောင့် သူ့​အထိန်း​တော်​သည် သူ့​ကို​ပွေ့ချီ​လျက် အလန့်တကြား​ထွက်ပြေး​ရာ​မှ ထို​ကလေး​ပြုတ်ကျ​ပြီး ခြေမသန်​ဖြစ်​ရ​ခြင်း​ဖြစ်​၏​။ ထို​ကလေး​၏​အမည်​မှာ မေဖိဗောရှက်​ဖြစ်​၏​။


တိဖသ​မြို့​တံခါး​ကို မ​ဖွင့်​ပေး​သောကြောင့် မေနဟင်​မင်းကြီး​သည် တိဖသ​မြို့​နှင့်​မြို့သူမြို့သား​များ​သာမက တိရဇာ​မြို့​မှစ၍ တိဖသ​မြို့​နယ်နိမိတ်​အထိ တိုက်ခိုက်​ဖျက်ဆီး​လေ​၏​။ ကိုယ်ဝန်ဆောင်​အားလုံး​၏​ဗိုက်​ကို ခွဲဖောက်​ပစ်​၏​။


သနားကြင်နာ​တတ်​သော​မိန်းမ​များ​ပင်လျှင် မိမိ​ရင်သွေး​များ​၏​အသား​ကို ချက်ပြုတ်စား​ကြ​ပြီ​။ ငါ့​လူမျိုး​သမီးပျို​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သူ​တို့​ရင်သွေး​သည် သူ​တို့​အတွက် စားစရာ​ဖြစ်​လေ​ပြီ​။


ရှမာရိ​သည် မိမိ​၏​ဘုရားသခင်​ကို ပုန်ကန်​သောကြောင့် အပြစ်သင့်​လေ​ပြီ​။ သူ​တို့​သည် ဓားဘေး​ဖြင့် ကျဆုံး​လိမ့်မည်​။ သူ​တို့​၏​ကလေးသူငယ်​တို့​သည် ကိုင်ပေါက်​ခံရ​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​သည်​လည်း ခွဲဖောက်​ခံရ​လိမ့်မည်​။


“ဤ​ကလေး​တို့​ပြောဆို​နေ​သော​အရာ​ကို ကြား​သလော”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ငါ​ကြား​၏။ ‘ကလေး​သူငယ်​များ​နှင့် နို့စို့​ကလေး​ငယ်​များ​၏​နှုတ်​ထဲမှ ချီးမွမ်း​ခြင်း​ကို ကိုယ်တော်​ပြင်ဆင်​တော်မူ​၏’ဟူသော ရေးထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။


လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​၏​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။


သင်​တို့​ထွက်ပြေး​ရ​မည့်​အချိန်​သည် ဆောင်း​ရာသီ​နှင့်​ဥပုသ်နေ့​တို့​မ​ဖြစ်​စေရန် ဆုတောင်း​ကြ​လော့။


ထို​နေ့ရက်​များ​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဤ​ပြည်​အပေါ်​၌ ကြီးစွာ​သော​ဒုက္ခ​ဆင်းရဲ​ခြင်း​ကျရောက်​၍ ဤ​လူမျိုး​အပေါ်၌​အမျက်​တော်​သက်ရောက်​လိမ့်မည်။