ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
မဿဲ 24:1 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဗိမာန်တော်မှ ထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ ကိုယ်တော်အား ဗိမာန်တော်အဆောက်အအုံများကိုပြကြ၏။ Common Language Bible သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။- Garrad Bible ထို နောက် ယေ ရှု သည် ဗိ မာန် တော် မှ ထွက် ကြွ တော် မူ စဉ် ဗိ မာန် တော် အ ဆောင် ဆောင် များ ကို ညွန် ပြ ရန် တ ပည့် တော် တို့ ချဉ်း ကပ် ကြ ရာ။ Judson Bible ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူစဉ် တပည့်တော်တို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများကို ညွှန်ပြကြ၏။ မြန်မာ ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။- |
ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် “အချင်းလူသား၊ ငါ၏သန့်ရှင်းရာဌာနကို ငါစွန့်ပစ်အောင် အစ္စရေးအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုကြီးကို သင်မြင်ပြီလော။ ထို့ပြင် ထို့ထက်သာ၍ စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးများသည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
သင်တို့အား ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း’ဟု သင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့ကိုလုံးဝမြင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့ကလည်း “ဤဗိမာန်တော်ကိုတည်ဆောက်ရန် လေးဆယ့်ခြောက်နှစ်ကြာ၏။ သင်မူကား ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်လော”ဟု ဆိုကြ၏။