ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
မဿဲ 22:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူ၏အစေအပါးတို့အား ‘မင်္ဂလာဆောင်ပွဲသည် အဆင်သင့်ဖြစ်သော်လည်း ဖိတ်ခေါ်ထားသောသူတို့သည် မထိုက်တန်ကြသောကြောင့် Common Language Bible ထိုနောက်မင်းစေတို့ကိုခေါ်ပြီးလျှင်မင်္ဂလာဆောင် ဧည့်ခံပွဲသည်အသင့်ရှိပြီဖြစ်သော်လည်းဖိတ် ကြားခြင်းခံရသူတို့သည်ထိုပွဲနှင့်မထိုက်မတန် ကြသဖြင့်၊- Garrad Bible ထို နောက် ဘု ရင် မင်း က မင်္ဂ လာ ဆောင် ပွဲ အ သင့် ရှိ သော် လည်း ဖိတ် ထား သူ တို့ မှာ မ ထိုက် တန် ကြ။ Judson Bible ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူ၏ အစေအပါးတို့အား ‘မင်္ဂလာဧည့်ခံပွဲသည် အဆင်သင့်ဖြစ်ပြီ။ သို့သော် ဖိတ်ခေါ်ခံထားရသောသူများသည် မင်္ဂလာပွဲနှင့် မထိုက်တန်ကြပါ။ မြန်မာ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- |
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
သို့သော် တမလွန်ကာလသို့ဝင်စားရန်နှင့် သေသောသူတို့ထဲမှရှင်ပြန်ထမြောက်ရန် ထိုက်တန်သည်ဟုမှတ်ယူခြင်းခံရသောသူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိ။
ထို့ကြောင့် သင်တို့သည် ဖြစ်ပျက်တော့မည့် ဤအမှုခပ်သိမ်းတို့မှ လွတ်မြောက်၍ လူ့သား၏ရှေ့တော်၌ မတ်တတ်ရပ်နိုင်ရန် အချိန်ရှိသရွေ့ နိုးနိုးကြားကြားရှိလျက် ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။
မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။
သို့သော် သာဒိမြို့၌ မိမိတို့အဝတ်ကိုမညစ်ညူးစေသောသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူသွားလာရကြလိမ့်မည်။