ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍ အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။
မဿဲ 22:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။ Common Language Bible ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။ Garrad Bible ထို အ ခါ ဘု ရင် မင်း က သူ့ ကို လက် ရော ခြေ ရော တုတ် နှောင် ထုတ် သွား ပြီး လျှင် ပြင် ပ မှောင် ထဲ သို့ ပစ် ချ ကြ ဟု အ မှု ထမ်း တို့ အား အ မိန့် ရှိ၏။ ထို အ ရပ်၌ ငို ကြွေး ခြင်း၊ အံ ကြိတ် ခြင်း ရှိ ရ လ တ္တံ။ Judson Bible ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဘုရင်က အခြွေအရံတို့အား ‘သူ၏ ခြေလက်တို့ကို ချည်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်လိုက်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆိုလေ၏။ မြန်မာ ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။- |
ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍ အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
အို ဇိအုန်မြို့၊ နိုးလော့။ နိုးလော့။ သင့်ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောဂျေရုဆလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား အရေဖျားမလှီးသောသူ၊ ညစ်ညူးသောသူတို့သည် သင့်အထဲသို့ နောက်တစ်ဖန်ဝင်ရကြမည်မဟုတ်။
ထို့နောက် မိမိစစ်သည်ထဲမှ ခွန်အားကြီးသောသူတို့အား ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍ မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ထည့်ရန် အမိန့်ပေးလေ၏။
ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။
မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။
နိုင်ငံတော်၏သားတို့မူကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ခြင်းခံရကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်”ဟု မိန့်တော်မူ၏။
ထိုသူသည် ငါတို့ထံလာ၍ ပေါလု၏ခါးပန်းကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကို ချည်နှောင်ကာ “ဂျူးလူမျိုးတို့သည် ဤခါးပန်းပိုင်ရှင်ကို ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူ၏”ဟု ဆိုလေ၏။
သူတို့သည် ဤအကြောင်းအရာတို့ကို ကြားကြသောအခါ သူတို့၏စိတ်ထဲတွင် သတေဖန်အပေါ် ပြင်းစွာအမျက်ထွက်၍ အံကြိတ်ကြ၏။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ထိုသူတို့သည် ခန်းခြောက်သောစမ်းရေတွင်းများ၊ မုန်တိုင်းဖြင့်လွင့်ပါသွားသည့်မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထိန်းသိမ်းထားလျက်ရှိ၏။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။