ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။
မဿဲ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။ Judson Bible ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ရာမအရပ်၌ ငိုကြွေးခြင်းနှင့် အလွန်ညည်းတွားမြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် မိမိကလေးများ သေဆုံးသောကြောင့် သူတို့အတွက် ငိုကြွေးကာ နှစ်သိမ့်၍မရနိုင်” ဟူ၍ ဖြစ်၏။ မြန်မာ ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။- |
ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။
သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
ငါ့ရှေ့တွင် ထိုစာလိပ်ကို ဖြန့်ပြသောအခါ စာလိပ်နှစ်ဖက်စလုံးတွင် ငိုကြွေးမြည်တမ်းခြင်းအကြောင်းများ၊ အမင်္ဂလာအကြောင်းများ ရေးသားထားသည်ကို ငါတွေ့ရ၏။
လူအပေါင်းတို့သည် သူငယ်မအတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးနေကြ၏။ ကိုယ်တော်ကလည်း“မငိုကြွေးကြနှင့်။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူရာ
ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။