မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟု မိန့်တော်မူ၏။
မဿဲ 19:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုလူငယ်က “အကျွန်ုပ်သည် ဤအရာအားလုံးကိုစောင့်ထိန်းပါပြီ။ မည်သည့်အရာလိုပါသေးသနည်း”ဟု လျှောက်လေ၏။ Common Language Bible ထိုလူငယ်ကလည်း ``အကျွန်ုပ်သည်ထိုပညတ် အပေါင်းကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်း ခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါ သေးသနည်း'' ဟုပြန်လည်လျှောက်ထား၏။ Garrad Bible ပျို ရွယ် သူ က ထို ပ ညတ် တော် ရှိ သ မျှ တို့ ကို စောင့် ရှောက် ပါ ပြီ၊ မည် သည့် အ ရာ လို ပါ သေး သ နည်း ဟု မေး ပြန် သော် Judson Bible ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီ။ အဘယ်အကျင့် လိုသေးသနည်းဟု လျှောက်ပြန်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုလူငယ်က “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏။ မည်သည့်အချက် လိုနေပါသေးသနည်း” ဟု လျှောက်ပြန်၏။ မြန်မာ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီ။ အဘယ်အကျင့် လိုသေးသနည်းဟု လျှောက်ပြန်လေ၏။- |
မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟု မိန့်တော်မူ၏။
ယေရှုက“သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွား၍ သင်၏ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
သို့ရာတွင် သူသည် ဖခင်အား ‘အကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့ကိုအစေခံ၍ အဖေ၏အမိန့်ကို တစ်ခါမျှမလွန်ဆန်ခဲ့ပါ။ သို့သော် အကျွန်ုပ်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့်အတူပျော်ရွှင်ရန် အဖေသည် အကျွန်ုပ်အားဆိတ်တစ်ကောင်ကိုမျှမပေးဖူးပါ။
ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။
ထိုသူတို့အထပ်ထပ်မေးမြန်းကြသောအခါ ယေရှုသည် ကိုယ်ကိုမတ်၍“သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးဆုံးပေါက်စေ”ဟု မိန့်တော်မူပြီးလျှင်
ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်
ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။
စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။