ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
မဿဲ 19:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လက်တော်တင်လျက် ဆုတောင်းပေးစေရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။ Common Language Bible လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်၏ထံသို့ခေါ်ခဲ့ကြ၏။- Garrad Bible ထို နောက် လက် တော် တင်၍ ပ ဌ နာ ပြု ခြင်း ငှာ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ ဆုံး မ ကြ သည် နှင့်၊ Judson Bible ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများအပေါ် ကိုယ်တော်၏လက်တော်တင်၍ ဆုတောင်းပေးစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။ မြန်မာ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။- |
ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
ထိုအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုကာ “သခင်ဘုရား၊ ဤအမှုသည် ကိုယ်တော်နှင့်လွဲပါစေ၊ ဖယ်ပါစေ။ ကိုယ်တော်၌ မည်သည့်အခါမျှ ဤသို့ဖြစ်မည်မဟုတ်”ဟု လျှောက်လေ၏။
အကြောင်းမူကား အမိဝမ်းတွင်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးလာသောသူများရှိကြ၏။ လူတို့ကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ရသောသူများလည်းရှိကြ၏။ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်ပြုနိုင်စွမ်းကို ကိုယ်တိုင်စွန့်လွှတ်သောသူများလည်းရှိကြ၏။ ဤအရာကို ခံယူနိုင်သောသူသည် ခံယူစေ”ဟု မိန့်တော်မူ၏။
လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
အကြောင်းမူကား ယုံကြည်သူမဟုတ်သောလင်ယောက်ျားသည် မိမိမယားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ ယုံကြည်သူမဟုတ်သောမယားသည်လည်း မိမိလင်ယောက်ျားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် ညစ်ညူးကြလိမ့်မည်။ သို့သော် ယခု သူတို့သည် သန့်ရှင်းကြ၏။
သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင်၊ မုန့်ညက်တစ်ဧဖာ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။