ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
မဿဲ 19:11 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဤစကားကို လူတိုင်းခံယူနိုင်သည်မဟုတ်။ ထိုသို့ပြုခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။ Common Language Bible ကိုယ်တော်က ``လူတိုင်းအိမ်ထောင်မပြုဘဲနေနိုင် သည်မဟုတ်။ ဘုရားသခင်ခွင့်ပြုသူများသာ လျှင်နေနိုင်ကြ၏။ လူတို့အိမ်ထောင်မပြုနိုင်ကြ သည်မှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။- Garrad Bible ထို စ ကား ကို လူ တိုင်း မ ခံ မ ယူ နိုင်၊ နာ ယူ ခွင့် ရ သူ တို့ သာ ခံ ယူ နိုင် ကြ၏။ Judson Bible ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုက “ဤအဆိုကို လူတိုင်း လက်ခံနိုင်ကြမည်မဟုတ်။ ဘုရားသခင်က နားလည်နိုင်စွမ်းပေးတော်မူသောသူတို့သာ လက်ခံနိုင်ကြ၏။ မြန်မာ ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။- |
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
တပည့်တော်တို့က “လင်နှင့်မယားတို့၏ဆက်နွှယ်မှုသည် ထိုသို့ဖြစ်လျှင် အိမ်ထောင်မပြုဘဲနေခြင်းသည် သာ၍ကောင်းပါ၏”ဟု လျှောက်ကြ၏။
အကြောင်းမူကား အမိဝမ်းတွင်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးလာသောသူများရှိကြ၏။ လူတို့ကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ရသောသူများလည်းရှိကြ၏။ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်ပြုနိုင်စွမ်းကို ကိုယ်တိုင်စွန့်လွှတ်သောသူများလည်းရှိကြ၏။ ဤအရာကို ခံယူနိုင်သောသူသည် ခံယူစေ”ဟု မိန့်တော်မူ၏။
လူအသီးသီးတို့သည် မိမိအား သခင်ဘုရားသတ်မှတ်ခွဲဝေပေးတော်မူသည့်အတိုင်းနှင့် တစ်ဦးစီအား ဘုရားသခင်ခေါ်ယူတော်မူသည့်အခြေအနေအတိုင်း အသက်ရှင်လျှောက်လှမ်းပါစေ။ ဤသည်ကား အသင်းတော်အားလုံးတို့ကို ငါမှာကြားသောအချက်ဖြစ်၏။
သို့သော် တရားနှင့်မညီမေထုန်ပြုခြင်းအမှုများကြောင့် ယောက်ျားအသီးသီး၌ မိမိမယားရှိစေလော့။ မိန်းမအသီးသီး၌လည်း မိမိလင်ယောက်ျားရှိစေလော့။
ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။