မဿဲ 17:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။ Common Language Bible တပည့်တော်တို့က ``ဦးစွာပထမဧလိယ ကြွလာမည်ဟုကျမ်းတတ်ဆရာတို့အဘယ် ကြောင့်ဆိုပါသနည်း'' ဟုကိုယ်တော်အားမေး လျှောက်ကြ၏။ Garrad Bible တ ပည့် တော် တို့ က လည်း သို့ ဖြစ် လျှင် ဧ လိ ယ လာ နှင့် ရ မည် ဟူ၍ ကျမ်း တတ် ဆ ရာ တို့ အ ဘယ့် ကြောင့် ဆို ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။ မြန်မာ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- |
တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ၊ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
ထို့နောက် သူတို့က “ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။
ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယလော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက်လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံပေးသနည်း”ဟု မေးမြန်းကြ၏။