အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 16:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​ကာ “သခင်​ဘုရား၊ ဤ​အမှု​သည် ကိုယ်တော်​နှင့်​လွဲ​ပါစေ၊ ဖယ်​ပါစေ။ ကိုယ်တော်​၌ မည်သည့်​အခါ​မျှ ဤသို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ပေ တ ရု သည် ကိုယ် တော် ကို ပင့် ခေါ် လျက် အ ရှင် ဘု ရား ကိုယ် တော် နှင့် ကင်း ဝေး ပါ စေ။ ထို သို့ မ ဖြစ် ရ ဟု ဆုံး မ သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ ပေတရု​သည် ယေရှု​အား သီးခြား​ခေါ်​၍ “သခင်… ထိုသို့​မဖြစ်ပါစေနှင့်။ ဤ​အဖြစ်​သည် သခင့်​ထံ၌ လုံးဝ​မကျရောက်စေရ” ဟု ဆို​ကာ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။



မဿဲ 16:22
8 ပူးပေါင်းရင်းမြစ်များ  

မိက္ခာယ​ကို သွား​ခေါ်လာ​ခဲ့​သော​တမန်​က​လည်း မိက္ခာယ​အား “​ကြည့်​ပါ​။ ပရောဖက်​တို့​က ရှင်ဘုရင်​အဖို့ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို ဟော​ကြ​ပြီ​။ သင်​သည်​လည်း သူ​တို့​နည်းတူ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို​သာ ဟော​ပါ​လော့​”​ဟု ဆို​၏​။


ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။


သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် ထို​အကြောင်းအရာ​ကို အတိအလင်း​မိန့်​တော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​လေ​၏။