ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
မဿဲ 15:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ များစွာသောလူထုပရိသတ်တို့သည် ခြေမသန်စွမ်းသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားရောဂါသည်အမြောက်အမြားတို့ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ အထံတော်သို့လာကြကာ ခြေတော်ရင်း၌ချထားကြသဖြင့် ကိုယ်တော်သည် သူတို့ကိုကျန်းမာစေတော်မူ၏။ Common Language Bible လူပရိသတ်များသည်ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများဆွံ့အ သူများနှင့်အခြားရောဂါသည်များကိုခေါ်ဆောင် ကာကိုယ်တော်၏ခြေတော်ရင်းတွင်ချထားကြ၏။ ကိုယ်တော်သည်ထိုသူနာတို့၏ရောဂါများကို ပျောက်ကင်းစေတော်မူ၏။- Garrad Bible ကြီး စွာ သော လူ ပ ရိ သတ် သည် ချဉ်း ကပ် လျက် ပါ လာ သည့် ခြေ ဆွံ့ သူ၊ အင်္ဂါ ပျက် သူ၊ မျက် မ မြင် သူ၊ အ သော သူ မှ စ၍ သူ နာ အ များ ကို ခြေ တော် ရင်း တွင် ချ ထား ကြ သည့် အ တိုင်း ကျန်း မာ စေ တော် မူ သ ဖြင့်၊ Judson Bible များစွာသောလူ အပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုကြီးသည် ကိုယ်တော်ထံသို့လာ၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားမကျန်းမာသူများစွာကို ခေါ်ဆောင်လာကာ ခြေတော်ရင်းတွင် ထားကြ၏။ ယေရှုသည်လည်း သူတို့အား ကျန်းမာစေတော်မူ၏။ မြန်မာ များစွာသောလူ အပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။- |
ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
သင်၏လက်သည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်ပစ်လော့။ လက်နှစ်ဖက်ပါလျက် မီးမငြိမ်းနိုင်သည့်ငရဲသို့လားရသည်ထက် လက်တစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။
သို့သော် ဧည့်ခံပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဖိတ်ခေါ်လော့။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။