ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။
မဿဲ 14:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။ Common Language Bible ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။ Garrad Bible အ လောင်း ကို ကား ယော ဟန်၏ တ ပည့် တို့ လာ ရောက် ယူ သွား လျက် သင်္ဂြိုဟ် ကြ ပြီး နောက် ယေ ရှု ထံ သွား ၍ လျှောက် ထား ကြ၏။ Judson Bible ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်၏ တပည့်တို့သည် လာ၍ အလောင်းကို ယူကာ သင်္ဂြိုဟ်ကြ၏။ ထို့နောက် သူတို့သည် ယေရှုထံသို့ သွား၍ ဖြစ်ပျက်သမျှကို လျှောက်ကြ၏။ မြန်မာ ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။ |
ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။
ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။