မဿဲ 13:36 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။ Common Language Bible ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။ Garrad Bible ထို နောက် လူ ပ ရိတ် သတ် ရှိ ရာ မှ ထွက် ကြွ၍ တည်း အိမ် သို့ ဝင် တော် မူ ပြီး လျှင် တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ အ ခင်း တွင် ပေါက် သော ဂျုံ ရိုင်း ဥ ပ မာ ကို ဖော် ပြ တော် မူ ပါ ဟု လျှောက် ထား ကြ သော်၊ Judson Bible ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။ မြန်မာ ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊- |
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။
ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်များကို ပြန်လွှတ်တော်မူပြီးလျှင် လှေပေါ်သို့တက်၍ မာဂဒါလမြို့နှင့်ဆိုင်သောအရပ်ဒေသသို့ ကြွတော်မူ၏။
အိမ်ထဲသို့ ဝင်တော်မူသောအခါ ထိုမျက်မမြင်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ယေရှုကလည်း“ဤအရာကို ငါလုပ်နိုင်သည်ဟု သင်တို့ယုံကြည်ကြသလော”ဟု မေးတော်မူလျှင် သူတို့က “ယုံကြည်ပါ၏ သခင်ဘုရား”ဟု ပြန်လျှောက်ကြ၏။
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။
ထိုနေရာ၌ လူလေးထောင်ခန့်ရှိကြ၏။ ထို့နောက် ကိုယ်တော်သည် လူတို့ကို ပြန်လွှတ်တော်မူပြီးလျှင်