သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
မဿဲ 13:13 - မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။ Common Language Bible သူတို့အားပုံဥပမာဆောင်၍ငါပြောရသည့် အကြောင်းမှာသူတို့သည်ကြည့်သော်လည်းမမြင်၊ နားထောင်သော်လည်းမကြားသို့မဟုတ်နားမ လည်သောကြောင့်ဖြစ်၏။ Garrad Bible သို့ ဖြစ်၍ ဥ ပ မာ များ ဖြင့် ထို သူ တို့ အား ငါ ဟော ပြော ရ၏။ ထို သူ တို့ မှာ ကြည့် လျက် ပင် သိ မြင် ခြင်း ကြား လျက် ပင် နာ ယူ နား လည် ခြင်း မ ရှိ သည် နှင့်၊ Judson Bible ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ဤပုံဥပမာများဖြင့် ပြောဆိုရခြင်းမှာ ‘သူတို့သည် ကြည့်သော်လည်း မမြင်ကြ၊ နားထောင်သော်လည်း မကြားကြ၊ အဓိပ္ပာယ်ကိုလည်းနားမလည်ကြ’ သောကြောင့် ဖြစ်၏။ မြန်မာ ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။- |
သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။
“ဘုရားသခင်သည် သူတို့အား ယနေ့ထိတိုင်အောင် ထိုင်းမှိုင်းသောစိတ်သဘောကိုလည်းကောင်း၊ မမြင်နိုင်သောမျက်စိကိုလည်းကောင်း၊ မကြားနိုင်သောနားကိုလည်းကောင်း ပေးတော်မူ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။