မုန့်ဖုတ်သောသူသည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ မီးဖိုသည်မီးတောက်လောင်ဆဲရှိသကဲ့သို့ မကောင်းမှုပြုရန် လျှို့ဝှက်ကြံစည်နေသောသူတို့၏စိတ်နှလုံးသည် ထိုမီးဖိုကဲ့သို့ တောက်လောင်နေ၏။
မဿဲ 12:44 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက် ပြန်လာရာ ထိုနေရာမှာ လစ်လပ်နေပြီး လှဲကျင်း၍ သပ်ရပ်စွာပြင်ဆင်ထားသည်ကိုတွေ့လေ၏။ Common Language Bible `ငါယခင်နေခဲ့သည့်နေရာသို့ပင်ပြန်ပါအံ့' ဟုဆို၏။ ထိုနေရာသို့ပြန်ရောက်သောအခါ သပ်ရပ်စွာလှည်းကျင်းထားသည်ကိုတွေ့သဖြင့်၊ Garrad Bible ထွက် လာ ရင်း ငါ့ အိမ် သို့ ပြန် မည် ဟု ဆို လျက် ပြန် ရောက် သည့် ကာ လ လွတ် လပ် သုတ် သင် ပြု ပြင် လျက် ထား သည် ကို တွေ့ မြင် သ ဖြင့်။ Judson Bible မတွေ့လျှင် ငါသည် ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင်လျက် ရှိသည်ကို တွေ့သော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ငါသည် ယခင်နေခဲ့သောလူထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။ သို့ဖြစ်၍ သူသည် ထိုလူထံသို့ ပြန်သွားသောအခါ လှည်းကျင်းထား၍ စနစ်တကျပြင်ဆင်ထားသည်ကို တွေ့လေ၏။ မြန်မာ မတွေ့လျှင် ငါသည် ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင်လျက် ရှိသည်ကို တွေ့သော်၊- |
မုန့်ဖုတ်သောသူသည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ မီးဖိုသည်မီးတောက်လောင်ဆဲရှိသကဲ့သို့ မကောင်းမှုပြုရန် လျှို့ဝှက်ကြံစည်နေသောသူတို့၏စိတ်နှလုံးသည် ထိုမီးဖိုကဲ့သို့ တောက်လောင်နေ၏။
ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
ညစ်ညူးသောနတ်သည် လူ့အထဲမှထွက်သွားသောအခါ ခြောက်သွေ့သောအရပ်ဒေသများသို့ လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့်
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။
ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
ထိုမုန့်တစ်ဖဲ့ကိုခံယူပြီးသောအခါ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ထို့ကြောင့် ယေရှုသည် ယုဒအား“သင်ပြုနေသည့်အမှုကို အမြန်ပြုလော့”ဟု မိန့်တော်မူ၏။
အမှန်စင်စစ် သင်တို့ထဲ၌ ယုံကြည်စိတ်ချရသူများ သိသာထင်ရှားလာမည့်အကြောင်း သင်တို့တွင် ဂိုဏ်းကွဲခြင်းရှိရန်လိုအပ်ပေ၏။
အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။