အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 10:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် ခ န္ဓာ ကို သတ် သော် လည်း အ သက် ဝိ ညာဉ် ကို မ သတ် နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။ င ရဲ မီး၌ အ သက် ဝိ ညာဉ် နှင့် ကိုယ် ခ န္ဓာ ပါ ဖျက် ဆီး နိုင် သော အ ရှင် ကို သာ ကြောက် ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကိုယ်ခန္ဓာ​ကိုသာ သတ်​၍ စိတ်ဝိညာဉ်​ကို​မသတ်နိုင်သော​သူတို့​ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​နှစ်မျိုးလုံး​ကို ငရဲ​တွင် ဖျက်ဆီးနိုင်သော​ဘုရားသခင်​ကိုသာ ကြောက်ကြလော့။

အခန်းကိုကြည့်ပါ။

မြန်မာ

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။



မဿဲ 10:28
30 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာလျှင် ကြောက်ရွံ့​ရ​မည်​။ သို့ပြုလျှင် ကိုယ်တော်​သည် ရန်သူ​အပေါင်း​တို့​၏​လက်​မှ သင်​တို့​ကို ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​ခဲ့​၏​။


သို့ဖြစ်၍ လူ​တို့​သည် ကိုယ်တော့်​ကို ကြောက်ရွံ့​ကြ​ပါ​၏​။ မိမိကိုယ်ကို ပညာရှိ​ဟု မှတ်ယူ​သူ​တို့​အား ကိုယ်တော် အရေးစိုက်​တော်​မ​မူ”​ဟု ဆို​လေ​၏​။


ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။


အိပ်မက်​များပြားခြင်း​အားဖြင့် အချည်းနှီး​သော​အရာ​နှင့် စကား​တို့​သည်​လည်း များပြား​လာ​တတ်​၏​။ သို့ဖြစ်၍ ဘုရားသခင်​ကို ကြောက်ရွံ့​လော့​။


ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။


ဖြောင့်မတ်​ခြင်း​ကို​သိ​၍ ငါ​၏​ပညတ်တရား​ကို နှလုံး​သွင်း​သော​သူ​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ လူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်​။ သူ​တို့​၏​ကဲ့ရဲ့စော်ကား​ခြင်း​ကို မ​လန့်​ကြ​နှင့်​။


ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။


သင်​တို့​သည် ငါ့​ကို မ​ကြောက်ရွံ့​ကြ​သလော​။ ငါ့​ရှေ့​၌​မ​တုန်လှုပ်​ကြ​သလော​။ ပင်လယ်​ရေ​မ​ကျော်လွန်​နိုင်​အောင် သဲ​နယ်နိမိတ်​ကို အရံအတား​အဖြစ် ငါ​နေရာချ​ထား​၏​။ ပင်လယ်​သည် ဟုန်းဟုန်းမြည်​သော်လည်း နယ်နိမိတ်​ကို​မ​ကျော်​နိုင်​။ လှိုင်းတံပိုး​ထ​သော်လည်း နယ်နိမိတ်​ကို မ​လွှမ်းမိုး​နိုင်​။


ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။


ထိုအခါ ဤ​သူ​တို့​သည် ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​မူကား ထာဝရ​အသက်ရှင်​ရာ​သို့ သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။


ထွက်လာ​မည့်​အချိန်​ရောက်​လာ​လိမ့်မည်။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း၊ ဆိုးညစ်​သော​အမှု​ကို​ပြုကျင့်​သော​သူ​တို့​သည် အပြစ်​စီရင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း အသီးသီး​ထွက်လာ​ကြ​လိမ့်မည်။


ထိုအခါ ပေါလု​က “သင်​တို့​သည် ငိုကြွေး​လျက်​၊ ငါ​၏​စိတ်နှလုံး​ကို​ကြေကွဲ​စေ​လျက် မည်သည့်​အရာ​ကို ပြု​ကြ​သနည်း။ ငါ​သည် သခင်​ယေရှု​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ ချည်နှောင်​ခြင်း​ခံရ​ရန်​သာမက အသေခံ​ရန်​ပင် အသင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။


အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​လက်​တော်​သို့​ကျရောက်​ခြင်း​သည် ကြောက်မက်​ဖွယ်​ကောင်း​၏။


မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။


ပညတ်​တရား​ကို​ပေး​သော​သူ၊ တရား​စီရင်​သော​သူ​သည် တစ်ပါးတည်း​ရှိ​တော်မူ​ပြီး ထို​အရှင်​သည် ကယ်တင်​နိုင်စွမ်း​ရှိ​၍ ဖျက်ဆီး​နိုင်စွမ်း​လည်း​ရှိ​တော်မူ​၏။ သင်​မူကား မည်သူ​ဖြစ်​၍ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​စီရင်​ရ​သနည်း။


သို့သော် ဖြောင့်မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်းခြောက်​မှု​ကြောင့် ကြောက်ရွံ့​ခြင်း​နှင့်​တုန်လှုပ်​ချောက်ချား​ခြင်း​မ​ရှိ​ဘဲ


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။