တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ ကျွန်သည်လည်း သခင်ထက် မြတ်သည်မဟုတ်။
``တပည့်သည်ဆရာထက်မသာ။ ကျွန်သည်လည်း သခင်ထက်မသာ။-
တ ပည့် သည် ဆ ရာ ထက် မ သာ၊ ကျွန် လည်း သ ခင် ထက် မ သာ။
တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။-
တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ ကျွန်သည်လည်း သခင်ထက် မြတ်သည်မဟုတ်။
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
တပည့်သည် သူ့ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် သူ့သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် သူ၏အိမ်သူအိမ်သားများကို မည်မျှ ပို၍ဆိုးရွားစွာခေါ်ကြလိမ့်မည်နည်း။
တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော် ပြည့်စုံစွာသင်ယူတတ်မြောက်သောသူတိုင်းသည် မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။