ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
မဿဲ 10:10 - မြန်မာ့စံမီသမ္မာကျမ်း လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။ Common Language Bible အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။ Garrad Bible ခ ရီး ဆောင် လွယ် အိတ်၊ အင်္ကျီ နှစ် ထည်၊ ဖိ နပ်၊ တောင်း ဝေး များ ကို လည်း မ ယူ ကြ နှင့်။ အ သို့ ဆို သော် လုပ် သား သည် ရိက္ခာ ကို ရ ထိုက်၏။ Judson Bible လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။ မြန်မာ လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။- |
ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
ထို့ပြင် လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းမှတစ်ပါး မည်သည့်အရာကိုမျှမယူသွားကြရန်နှင့် အစားအစာ၊ လွယ်အိတ်၊ ကြေးဒင်္ဂါးတို့ကိုလည်း ခါးပန်း၌မထည့်သွားဘဲ
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
“လမ်းခရီးအတွက် မည်သည့်အရာကိုမျှ မယူသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာနှင့် ငွေတို့ကိုလည်း မယူသွားကြနှင့်။ အင်္ကျီကိုလည်း အပိုမဆောင်ကြနှင့်။
သင်လာသောအခါ တရောမြို့တွင် ကာပုထံ၌ ငါထားခဲ့သည့် ဝတ်လုံနှင့်တကွ စာလိပ်များ အထူးသဖြင့် သားရေပုရပိုက်များကို ယူခဲ့လော့။
ထို့နောက် သူ့တောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှ ကျောက်စရစ်ခဲငါးလုံးကိုရွေးယူပြီး မိမိ၏သိုးထိန်းလွယ်အိတ်ထဲထည့်၏။ ထို့နောက် လောက်လွှဲကို ကိုင်လျက် ဖိလိတ္တိပြည်သားထံ ချဉ်းကပ်သွား၏။
ရှောလုကလည်း မိမိငယ်သားအား “ယခု ထိုသူ့ထံသွားလျှင် မည်သည့်အရာယူဆောင်သွားရမည်နည်း။ ငါတို့အိတ်ထဲတွင် မုန့်လည်းကုန်ပြီ။ ဘုရားသခင်၏လူထံသို့ ယူဆောင်သွားရန် ဘာလက်ဆောင်မျှ မရှိ။ ငါတို့၌ ဘာကျန်သေးသနည်း”ဟု ဆို၏။