တောကန္တာရထဲ၌ရှိသော ဓားဘေးကြောင့် အကျွန်ုပ်တို့သည် အသက်ကိုရင်းပြီးမှ အစာကို ရပါ၏။
ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
တော ပုန်း ထား ပြ တို့ ကြောင့်။ စွန့် စား၍ အ သက် မွေး ရ ကြ၏။
တော၌ ဓားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
“အို ထာဝရဘုရား၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော”ဟု ဆိုလျက် ထိုရေကိုမသောက်ဘဲနေလေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။
အကြောင်းမူကား နေသနိ၏သားဣရှမေလသည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော အဟိကံ၏သားဂေဒလိကို သတ်လိုက်သောကြောင့် သူတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်ကြ၏။
စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင်
ထိုအီဂျစ်ပြည်၌ပင် သင်တို့ကြောက်ရွံ့သောဓားဘေးသည် သင်တို့ကိုမီလိမ့်မည်။ သင်တို့ထိတ်လန့်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း အီဂျစ်ပြည်အထိပင် သင်တို့နောက်သို့ ကပ်လိုက်လာလိမ့်မည်။ ထိုအရပ်၌ပင် သင်တို့သေရလိမ့်မည်။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။