ယခု အကျွန်ုပ်တို့သည် ကျွန်ဖြစ်ရကြပြီ။ ပြည်ထွက်သီးနှံများ၊ ကောင်းသောအစားအစာများ စားသုံးရစေရန် အကျွန်ုပ်တို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသောပြည်၌ အကျွန်ုပ်တို့သည် ကျွန်ဖြစ်ရကြပါပြီ။
မြည်တမ်းစကား 5:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သောက်သောရေသည် ငွေဖြင့် ဝယ်ရပါ၏။ ထင်းသည်လည်း အဖိုးအခပေးရပါ၏။ Common Language Bible ကျွန်တော်မျိုးတို့သည်မိမိတို့၏သောက်ရေအတွက် အဖိုးငွေပေးရကြပါ၏။ ထင်းကိုလည်းဝယ်ယူရကြပါ၏။ Garrad Bible ရေ ကို ဝယ် မှ သောက် ခွင့်။ ထင်း ကို ဝယ် မှ ဆိုက် ခွင့် ရ ကြ၏။ Judson Bible ငွေပေးမှ ရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။ |
ယခု အကျွန်ုပ်တို့သည် ကျွန်ဖြစ်ရကြပြီ။ ပြည်ထွက်သီးနှံများ၊ ကောင်းသောအစားအစာများ စားသုံးရစေရန် အကျွန်ုပ်တို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသောပြည်၌ အကျွန်ုပ်တို့သည် ကျွန်ဖြစ်ရကြပါပြီ။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။
အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။