ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။
မြည်တမ်းစကား 5:10 - မြန်မာ့စံမီသမ္မာကျမ်း ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။ Common Language Bible ဆာလောင်မွတ်သိပ်မှုကြောင့်အဖျားတက်သဖြင့် ကျွန်တော်မျိုးတို့၏အသားအရေသည် မုန့်ဖိုတမျှပူလောင်ပါ၏။ Garrad Bible မွတ် သိပ် ခြင်း ဆိုင် ရာ၊ ဒ ဟ တေ ဇော် ကြောင့်။ အ သား အ ရေ သည် မီး ဖို နှင့် အ မျှ ပူ လောင်၏။ Judson Bible မွတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။ |
ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။
အကျွန်ုပ်သည် အခိုးရိုက်သော သားရေဘူးကဲ့သို့ဖြစ်သော်လည်း ကိုယ်တော်၏ပြဋ္ဌာန်းချက်ကို မမေ့လျော့ပါ။
ကိုယ်တော်သည် ငါ၏အသားအရေကို ရွတ်တွစေတော်မူပြီ။ ငါ၏အရိုးတို့ကို ချိုးတော်မူပြီ။
ယခုမူ သူတို့၏အသားသည် မီးသွေးထက်မည်းသဖြင့် လမ်းတွင်တွေ့လျှင်ပင် မမှတ်မိ၊ အသားအရေသည် အရိုး၌ကပ်နေသဖြင့် ထင်းခြောက်သဖွယ် ဖြစ်လေပြီ။