ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
မြည်တမ်းစကား 4:9 - မြန်မာ့စံမီသမ္မာကျမ်း ဓားဘေးဖြင့် သေရသောသူတို့သည် လယ်ယာသီးနှံမထွက်သောကြောင့် ငတ်မွတ်၍ သေရသောသူတို့ထက် သာ၍ကောင်း၏။ Common Language Bible စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။ Garrad Bible ဓား ဘေး ဖြင့် လုပ် ကြံ ခံ ရ သူ တို့ သည် မြေ ထွက် အ သီး အ နှံ လို လျက်၊ မွတ် သိပ် ခြင်း ဘေး ဖြင့် နာ ကျင် စွာ ကြေ ကွဲ အောင် လုပ် ကြံ ကြ သူ တို့ ထက် သာ ယာ ကြ ၏။ Judson Bible ဓားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေသောသူထက်သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖောက်၍ ပိန်ကြုံရ၏။ |
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
သင်သည် ဆူညံသံနှင့်ပြည့်သောမြို့၊ အုတ်အုတ်ကျက်ကျက်ဖြစ်သောမြို့၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့ ဖြစ်ပါသည်တကား။ အသတ်ခံရသော သင်၏လူတို့သည် ဓားဖြင့် သေဆုံးသူမဟုတ်။ စစ်ပွဲ၌ ကျဆုံးသူများလည်းမဟုတ်။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ခေါင်းပေါင်းပေါင်း၍ ဖိနပ်ကိုလည်း စီးကြလိမ့်မည်။ ငိုကြွေးမြည်တမ်းမနေဘဲ ကိုယ့်အပြစ်ကြောင့် ရင်ကွဲနာကျလျက် အချင်းချင်းညည်းတွားပြကြလိမ့်မည်။
အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။
တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။
မြို့ပြင်တွင် ဓားဘေးရှိ၏။ မြို့ထဲတွင် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ရှိ၏။ ကွင်းပြင်သို့ ထွက်သွားသောသူသည် ဓားဖြင့် အသတ်ခံရလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့သည် မြို့ထဲတွင်နေသောသူတို့ကို ဝါးမျိုလိမ့်မည်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် သူတို့၏ဒုစရိုက်ကြောင့် ရန်သူတို့၏ပြည်၌ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်။ ထိုမျှမက သူတို့သည် ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဘိုးဘေးတို့နှင့်အတူ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။