အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။
မြည်တမ်းစကား 3:6 - မြန်မာ့စံမီသမ္မာကျမ်း ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ ငါ့ကိုမှောင်မိုက်သောအရပ်ထဲ၌နေစေတော်မူပြီ။ Common Language Bible ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။ Garrad Bible ရှေ့ အ ဓွန့် က သေ လွန် သူ တို့ ကဲ့ သို့၊ မှောင် မိုက် ရာ အ ရပ် များ တွင် နေ စေ တော် မူ သည် တ ကား။ Judson Bible သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။ |
အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။