၎င်းတို့သည် ကိုက်ဖဲ့ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့ မိမိတို့ပါးစပ်ကို အကျွန်ုပ်ဘက်သို့ဟထားကြပါ၏။
မြည်တမ်းစကား 3:46 - မြန်မာ့စံမီသမ္မာကျမ်း ရန်သူအပေါင်းတို့သည် ငါတို့ကိုဆန့်ကျင်ပြောဆိုကြပါပြီ။ Common Language Bible ``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။ Garrad Bible ရန် သူ အ ပေါင်း တို့ နှုတ် ဟ ကြ သည့် အ တိုင်း၊ Judson Bible ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တစ်ဖက်၌ နှုတ်ကိုဖွင့်ကြပါ၏။ |
၎င်းတို့သည် ကိုက်ဖဲ့ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့ မိမိတို့ပါးစပ်ကို အကျွန်ုပ်ဘက်သို့ဟထားကြပါ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့်ပြောဆိုရပါမည်နည်း။ ကိုယ်တော်၏အစေအပါးတို့ သွေးမြေကျရခြင်းအတွက် လက်တုံ့ပြန်တော်မူကြောင်းကို အကျွန်ုပ်တို့မျက်စိရှေ့တွင် လူမျိုးခြားတို့သိမြင်ကြပါစေသော။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ခွေးတစ်ကောင်မျှဟောင်လိမ့်မည်မဟုတ်။ ဤနည်းဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့နှင့်အီဂျစ်လူမျိုးတို့ကို ခြားနားစေကြောင်း သင်တို့သိရလိမ့်မည်။
သင်၏ရန်သူအပေါင်းတို့သည် နှုတ်ကိုဖွင့်၍ သင့်ကိုကဲ့ရဲ့လျက် “ဤမြို့ကို ငါတို့ဝါးမျိုကြပြီ။ စင်စစ် ဤနေ့သည် ငါတို့စောင့်မျှော်သောနေ့ဖြစ်၏။ ငါတို့ကြုံရပြီ။ ငါတို့မြင်ရပြီ”ဟု အားရကျေနပ်စွာဆိုကြပြီ။