အို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော့်လူမျိုးတော်၏ဆုတောင်းခြင်းအပေါ် မည်မျှကြာအောင် တငွေ့ငွေ့လောင်တော်မူမည်နည်း။
မြည်တမ်းစကား 3:44 - မြန်မာ့စံမီသမ္မာကျမ်း အထံတော်သို့ ငါတို့ဆုတောင်းသံမရောက်အောင် ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်ဖြင့် ကာထားတော်မူပြီ။ Garrad Bible အ ကျွန်ုပ် တို့ ပ ဌ နာ မ ဝင် နိုင် သော တိမ် တိုက် ဖြင့် လွှမ်း ခြုံ ခြင်း များ ကို ပြု လျက်၊ Judson Bible အကျွန်ုပ်တို့ ပတ္ထနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုးတိမ်ဖြင့် ကိုယ်ကို ကွယ်ကာတော်မူ၏။ |
အို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော့်လူမျိုးတော်၏ဆုတောင်းခြင်းအပေါ် မည်မျှကြာအောင် တငွေ့ငွေ့လောင်တော်မူမည်နည်း။
ကိုယ်တော်သည် သူတို့အား မျက်ရည်မုန့်ကိုကျွေးတော်မူ၏။ များစွာသောမျက်ရည်တို့ကိုလည်း တိုက်တော်မူ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။