သူတို့ပြည်သည် ရွှေငွေနှင့်ပြည့်၍ သူတို့၏ဥစ္စာဘဏ္ဍာသည် အတိုင်းမသိများပြား၏။ သူတို့၏ပြည်သည် မြင်းများနှင့်ပြည့်၍ သူတို့၏စစ်ရထားတို့သည် အတိုင်းမသိများပြား၏။
မိက္ခာ 5:10 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထိုနေ့ရက်တွင် သင်၏မြင်းများကို ငါဖယ်ရှားပစ်မည်။ သင်၏စစ်ရထားတို့ကို ဖျက်ဆီးပစ်မည်။ Common Language Bible ထာဝရဘုရားက``ထိုအချိန်တွင်ငါသည် သင်တို့၏မြင်းများကိုဖယ်ရှား၍ သင်တို့၏ စစ်ရထားများကိုဖျက်ဆီးမည်။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ထို နေ့ ရက် ကာ လ၌ ငါ သည် သင့် ဘောင် တွင် ရှိ သော မြင်း တပ် ကို ပယ် ရှား၍၊ ရ ထား တပ် ကို ဖျက် ဆီး ခြင်း၊ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။ |
သူတို့ပြည်သည် ရွှေငွေနှင့်ပြည့်၍ သူတို့၏ဥစ္စာဘဏ္ဍာသည် အတိုင်းမသိများပြား၏။ သူတို့၏ပြည်သည် မြင်းများနှင့်ပြည့်၍ သူတို့၏စစ်ရထားတို့သည် အတိုင်းမသိများပြား၏။
အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ယုဒအမျိုးအနွယ်ကိုမူကား ငါသနားစုံမက်မည်။ သူတို့ကို လေး၊ ဓား၊ စစ်မက်၊ မြင်း၊ မြင်းစီးသူရဲတို့ဖြင့် ကယ်တင်မည်မဟုတ်။ သူတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တိုင် သူတို့ကိုကယ်တင်မည်”ဟု မိန့်တော်မူ၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။