ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
မိက္ခာ 4:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထိုကာလ၌ ခြေမသန်သူကို ငါစုစည်းမည်။ နှင်ထုတ်ခြင်းခံရသူ၊ ငါဒဏ်ခတ်ခဲ့သူတို့ကို ပြန်လည်စုစည်းမည်။ Common Language Bible ထာဝရဘုရားက``ငါဒဏ်ခတ်သူ၊ ပြည်နှင် ဒဏ်ခံရသူတို့ကို ငါပြန်လည်စုရုံးစေ သောအချိန်ကားကျရောက်ခါနီးပြီ။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ထို ကာ လ ငါ သည်၊ ထော့ နဲ့ သွား ခဲ့ ရ သူ၊ နှင် ထုတ် ခံ ခဲ့ ရ သူ၊ ဘေး စီ ရင် တော် မူ ခြင်း ခံ ခဲ့ ရ သူ တို့ ကို၊ စု ရုံး သိမ်း ယူ ပြီး လျှင်၊ ထော့ နဲ့ သူ့ ကို အ ကြွင်း အ ကျန် အ ဖြစ်၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသောသူ၊ ငါညှဉ်းဆဲဖူးသောသူတို့ကို ငါစုဝေးစေမည်။ |
ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
အကြောင်းမူကား အကျွန်ုပ်သည် လဲလုမတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏ဒုက္ခဝေဒနာသည်လည်း အကျွန်ုပ်ရှေ့၌အစဉ်ရှိနေပါ၏။
နှင်ထုတ်ခံရသောအစ္စရေးလူမျိုးတို့ကို စုစည်းတော်မူသော ဘုရားရှင်ထာဝရဘုရားက “စုစည်းပြီးသောသူတို့အပြင် အခြားသောသူတို့ကို အစ္စရေးလူမျိုးတို့ထံ၌ ငါထပ်၍စုစည်းမည်”ဟု မိန့်တော်မူ၏။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
ငါသည် ထိုသူတို့ကို မြောက်ဘက်အရပ်မှ ခေါ်ဆောင်လာမည်။ မြေကြီးစွန်းမှ ခေါ်ယူစုစည်းမည်။ သူတို့နှင့်အတူ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ ကိုယ်ဝန်ဆောင်သူ၊ မီးဖွားခါနီးသူပါသော လူအုပ်ကြီးသည် ဤအရပ်သို့ ပြန်လာကြလိမ့်မည်။
‘ငါသည် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
အို ယာကုပ်အမျိုး၊ သင်တို့အားလုံးကို ငါဧကန်အမှန်စုသိမ်းမည်။ ကြွင်းကျန်သောအစ္စရေးလူမျိုးကို ငါဧကန်အမှန်ပြန်လည်စုစည်းမည်။ သိုးခြံထဲမှသိုးအုပ်ကဲ့သို့၊ စားကျက်မြေထဲမှ သိုးစုကဲ့သို့ တစ်စုတစ်စည်းတည်းဖြစ်စေမည်။ လူများသဖြင့် ဆူညံနေလိမ့်မည်။
သင့်အား နှိပ်စက်ခဲ့သောသူအပေါင်းတို့ကို ထိုနေ့ရက်တွင် ငါစီရင်မည်။ ခြေမသန်သူတို့ကို ငါကယ်တင်မည်။ နှင်ထုတ်ခံရသူတို့ကို ပြန်လည်စုစည်း၍ သူတို့အရှက်ရခဲ့သောပြည်အသီးသီးတို့၌ သူတို့ကို အချီးမွမ်းခံရသူများ၊ ကျော်ကြားသူများ ဖြစ်စေမည်။
အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကိုရှာ၍ ကယ်တင်ရန်ကြွလာ၏”ဟု မိန့်တော်မူ၏။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။