အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
မိက္ခာ 3:3 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော်တို့၏အသားကို စားကြ၏။ သူတို့၏အရေခွံကိုနွှာ၍ အရိုးကို ချိုးပြီးလျှင် အိုးထဲ၊ ဒယ်အိုးထဲ ထည့်ချက်မည့်အသားကဲ့သို့ ခုတ်ထစ်ကြသည်”ဟု ဆို၏။ Common Language Bible သင်တို့သည်ငါ့လူမျိုးတော်၏အသားကို စားကြ၏။ သူတို့၏အရေကိုခွာ၍အရိုး များကိုချိုးလျက်အမဲဟင်းလျာသဖွယ် ဋ္ဌားဖြင့်စဉ်းကြ၏။- Judson Bible ငါ့လူတို့၏အသားကိုစားလျက်၊ အရေကိုခွာလျက်၊ အရိုးတို့ကို ချိုးလျက်၊ ဟင်းအိုး၌ ချက်သော သားတစ်၊ အိုးကင်း၌ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊ |
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
ငါ့ကိုရန်ဖက်ပြုသောသူများနှင့် ငါ၏ရန်သူများဖြစ်ကြသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ငါ့အသားကိုကိုက်စားရန် ငါ့ထံသို့ချဉ်းကပ်လာကြသောအခါ ခလုတ်တိုက်၍လဲကျကြလိမ့်မည်။
အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။
အိုးထဲသို့ အသားတုံးများကို ထည့်လော့။ ပေါင်သား၊ ပခုံးသားအပါအဝင် အကောင်းဆုံးအသားများ အကောင်းဆုံးအရိုးများကို အပြည့်ထည့်လော့။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
သို့သော် ယခုမူ ငါ့လူမျိုးတော်သည် ရန်သူကဲ့သို့ ထကြွကြပြီ။ သင်တို့သည် စစ်တိုက်ရာမှ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသူတို့၏အဝတ်တန်ဆာတို့ကို ချွတ်ယူကြပြီ။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။