ဘုရားရှင်ထာဝရဘုရားက ‘လူ့အသက်ကို သတ်သောမြို့၊ ရုပ်တုများကိုပြုလုပ်ပြီး မိမိကိုယ်ကို ညစ်ညူးစေသောကြောင့် သူပျက်စီးရမည့်အချိန် ကျရောက်လေပြီ။
မိက္ခာ 3:10 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လူအသက်သတ်၍ ဇိအုန်မြို့ကို တည်ကြ၏။ မတရားမှုဖြင့် ဂျေရုဆလင်မြို့ကို တည်ကြ၏။ Common Language Bible သင်တို့သည်လူသတ်မှုနှင့်မတရားမှု တည်းဟူသောအုတ်မြစ်ပေါ်တွင် ဘုရားသခင်၏မြို့တော်ဖြစ်သောယေရုရှလင် မြို့ကိုတည်ဆောက်ကြ၏။- Judson Bible လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကိုလည်းကောင်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကိုလည်းကောင်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ |
ဘုရားရှင်ထာဝရဘုရားက ‘လူ့အသက်ကို သတ်သောမြို့၊ ရုပ်တုများကိုပြုလုပ်ပြီး မိမိကိုယ်ကို ညစ်ညူးစေသောကြောင့် သူပျက်စီးရမည့်အချိန် ကျရောက်လေပြီ။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။