ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
မာလခိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တစ်မျိုးသားလုံး ငါ့ထံမှလုယူကြသောကြောင့် သင်တို့သည် ကျိန်ခြင်းကိုခံရ၍ ကျိန်စာသင့်လေပြီ။ Common Language Bible တစ်နိုင်ငံလုံးပင်ငါ့အားလိမ်လည်လှည့် စားလျက်နေသဖြင့် သင်တို့အားလုံးသည် ကျိန်စာသင့်လျက်ရှိကြ၏။- Garrad Bible တစ် မျိုး လုံး သည် ငါ့ ကို တွန့် တို သည့် အ တွက်၊ ကျိန် ဆို ခဲ့ သော အ မင်္ဂ လာ ကို ခံ ရ ကြ လေ စွ။ Judson Bible သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ |
ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူက “ဤစာလိပ်သည် မြေတစ်ပြင်လုံးသို့လွင့်ပျံနေသည့်ကျိန်စာ ဖြစ်၏။ သူခိုးရှိသမျှသည် ထိုစာလိပ်ပါအတိုင်း အပြစ်ဒဏ်ခံရကြလိမ့်မည်။ မဟုတ်မမှန်ကျိန်ဆိုသူရှိသမျှတို့သည်လည်း ထိုစာလိပ်ပါအတိုင်း အပြစ်ဒဏ်ခံရကြလိမ့်မည်”ဟု ဆို၏။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ဇေရအမျိုးသားအာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အပြစ်ပြုသောကြောင့် သူတစ်ယောက်တည်း သေသည်မဟုတ်။ အစ္စရေးလူထုတစ်ရပ်လုံး အမျက်တော်ဒဏ်ခံခဲ့ရသည်မဟုတ်လော’ဟူ၍ ပြောဆိုကြသည်”ဟု ဆို၏။