အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မာ​လ​ခိ 3:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ဆက်သ​သော​ပူဇော်သက္ကာ​ကို ထာဝရဘုရား​သည် ရှေး​ကာလ​က​ကဲ့သို့​၊ လွန်ခဲ့ပြီး​သော​နှစ်ကာလ​များ​က​ကဲ့သို့ လက်ခံ​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​၌​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ လင်​မြို့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့ ယူ​ဆောင်​လာ​သည့်​ပူ​ဇော်​သ​ကာ​များ​သည် ရှေး​ကာ​လ​မှာ​ကဲ့​သို့​ပင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ယေ ရု ရှ လင် မြို့ သူ၊ ယု ဒ ပြည် သား တို့ အ လှူ သည်၊ ရှေ့ အ ထက် ကျော် ကာ လ ကဲ့ သို့၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ ဖွယ် ဖြစ် ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ပူ​ဇော်​သ​ကာ​သည် ရှေး​လွန်​လေ​ပြီး​သော နှစ်၊ လ၊ နေ့​ရက်​ကာ​လ၌ ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



မာ​လ​ခိ 3:4
22 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​သော​လေဝိ​အမျိုး​တို့​အား ဘုရားသခင်​သည် စောင်မ​တော်မူ​၏​။ သူ​တို့​သည် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​ကို ယဇ်ပူဇော်​ကြ​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထို​နေရာ​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​၍ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို​ပူဇော်​ပြီး ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် ယဇ်ပလ္လင်​ပေါ်ရှိ မီးရှို့ရာယဇ်​အပေါ်​သို့ ကောင်းကင်​မှ​မီး​ကျလာ​စေ​ခြင်း​ဖြင့် ထူး​တော်မူ​၏​။


ရှောလမုန်​မင်းကြီး​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​ရှိ ကြေးနီ​ယဇ်ပလ္လင်​နား​သို့​သွား​၍ ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အကောင်​တစ်ထောင်​ကို ပူဇော်​၏​။


ဘုရားသခင်​နှစ်သက်​တော်မူ​သော​ယဇ်​များ​မှာ ကျိုးပဲ့​သော​စိတ်သဘော​ဖြစ်​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး​ကို မထီမဲ့မြင်ပြု​တော်မူ​မည်​မ​ဟုတ်​ပါ​။


ထိုအခါ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ယဇ်​များ​တည်းဟူသော မီးရှို့ရာယဇ်​နှင့် တစ်ကောင်လုံး​ရှို့​ရ​သော​ယဇ်​ကို နှစ်သက်​တော်မူ​လိမ့်မည်​။ ထိုအခါ လူ​တို့​သည် နွားထီး​တို့​ကို ကိုယ်တော်​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​ကြ​ပါ​လိမ့်မည်​။


ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က ‘ဇိအုန်​မြို့​သို့ ငါ​ပြန်လာ​မည်​။ ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​မည်​။ ဂျေရုဆလင်​မြို့​သည် သစ္စာစောင့်​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​တောင်​တော်​၊ သန့်ရှင်း​သော​တောင်​တော်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။