မာလခိ 3:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သင်တို့သည် ငါ့ကိုဆန့်ကျင်၍ မောက်မောက်မာမာပြောဆိုကြ၏”ဟု မိန့်ဆိုသော် သင်တို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မည်သို့ဆန့်ကျင်ပြောဆိုကြသနည်း”ဟု ပြန်၍ပြောဆိုကြ၏။ Common Language Bible ထာဝရဘုရားက``သင်တို့သည်ငါ့အကြောင်း မကောင်းသတင်းများကိုပြောဆိုကြလေပြီ။ သို့သော်လည်းသင်တို့က`ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏အကြောင်းကိုအဘယ် သို့ပြောဆိုခဲ့ကြပါသနည်း' ဟုမေးကြ၏။- Garrad Bible သင် တို့ သည် ငါ့ ကို တော် လှန် တိုင် ပင် ကြ သည် တ ကား ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ရာ၌၊ မည် သည့် စ ကား ဖြင့်၊ တော် လှန် တိုင် ပင် ဘိ သ နည်း ဟု ငြင်း ဆို ကြ လျှင်၊ Judson Bible သင်တို့သည် ငါ့တစ်ဖက်၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ရာတွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်တစ်ဖက်၌ အဘယ်သို့ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား။ |
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။
ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
စိတ်နှလုံးမာကျောသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဖြောင့်မတ်ခြင်းနှင့်ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
ကောင်းကင်မိဖုရားများအား နံ့သာပေါင်းကို မီးရှို့မပူဇော်၊ သွန်းလောင်းရာပူဇော်သက္ကာကို မသွန်းလောင်းဘဲ ရပ်တန့်လိုက်သည့်အချိန်မှစ၍ အရာရာ၌ချို့တဲ့ပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ပျက်စီးရကြပြီ”ဟု ဆိုကြ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
“လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသူဟု ခေါ်ကြလိမ့်မည်။ အကြောင်းမူကား သင်တို့ပြည်သည် နှစ်သက်ဖွယ်သောပြည်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
“လူသည် ဘုရားသခင်ထံမှ လုယူရမည်လော။ မှန်ပေ၏။ သင်တို့သည် ငါ့ထံမှလုယူကြပြီ။ သို့သော် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ထံမှ မည်သို့လုယူသနည်း’ဟု မေးလျှင် သင်တို့သည် ဆယ်ဖို့တစ်ဖို့နှင့် အလှူပစ္စည်းတို့ကို လုယူကြပြီ။
သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။