ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။ ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
မာလခိ 2:16 - မြန်မာ့စံမီသမ္မာကျမ်း “မိမိမယားနှင့်ကွာရှင်းသောသူ၊ ရက်စက်ကြမ်းကြုတ်မှုကို ဝတ်လုံနှင့်ဖုံးကွယ်သောသူအား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မုန်းတော်မူ၏။ သို့ဖြစ်၍ ကိုယ့်စိတ်ကို ထိန်း၍ သစ္စာမဖောက်ကြနှင့်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``ငါသည်လင်မယားကွာ ရှင်းမှုကိုမုန်း၏။ ဇနီးဖြစ်သူကိုသင်တို့ဤ သို့ရက်စက်စွာပြုကျင့်မှုကိုငါမုန်း၏။ သင် တို့၏ဇနီးများအားသစ္စာစောင့်ရန်ပေးအပ် ခဲ့သည့်ကတိကိုမချိုးမဖောက်မိစေရန် အထူးသတိပြုကြလော့'' ဟုမိန့်တော်မူ ပါ၏။ Garrad Bible ငယ် ပေါင်း ကြီး ဖော် ကို သ စ္စာ မ ဖျက် လင့်။ မိန်း မ ကို စွန့် ပယ် လျက်၊ ကြမ်း ကြုတ် စွာ ပြု သူ့ ကို ငါ ရွံ ရှာ သည် ဟု၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ ထို့ ကြောင့် သ စ္စာ မ ဖျက် ရန် ကိုယ့် စိတ် ကို သ တိ မူ ကြ လော့။ Judson Bible မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှားသောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ထိုကြောင့်၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ သစ္စာကို မဖျက်ကြနှင့်။ |
ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။ ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
ခုတင်သည် ကိုယ်ကိုဆန့်ထား၍မရလောက်အောင် တို၏။ စောင်သည်လည်း ခြုံ၍မရလောက်အောင် သေး၏။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။
မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
အိမ်ထောင်ရှိသောသူတို့အား ငါ့ထံမှမဟုတ်ဘဲ သခင်ဘုရားထံမှညွှန်ကြားချက်ကို ငါပေးသည်ကား မယားသည် လင်ယောက်ျားနှင့်မကွဲကွာစေနှင့်။