သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။
ဗျာဒိတ် 9:21 - မြန်မာ့စံမီသမ္မာကျမ်း မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။ Common Language Bible လူအသက်ကိုသတ်ခြင်း၊ စုန်းနတ်ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များအတွက်လည်းနောင်တမရကြ။ Garrad Bible မ ကိုး ကွယ် ရန် နောင် တ မ ရ သည့် ပြင် သတ် မှု၊ နတ် ဟော မှု၊ မ တ ရား မေ ထုန် မှု၊ ခိုး မှု များ အ တွက် လည်း နောင် တ မ ရ ကြ ချေ။ Judson Bible ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မိမိတို့ပြုသည့် လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီသောမေထုန်ပြုခြင်း၊ ခိုးခြင်းတို့အတွက် နောင်တမရကြ။ |
သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။
သင်သည် မှော်အတတ်မည်မျှပင်တတ်သော်လည်း၊ သင်၏ဂါထာမန္တန်မည်မျှပင်စွမ်းသော်လည်း သားသမီးဆုံးရှုံးခြင်း၊ မုဆိုးမဖြစ်ခြင်း နှစ်မျိုးလုံးသည် တစ်နေ့တည်း တစ်ခဏချင်းတွင် သင့်ထံရောက်လာမည်။ မလွဲမသွေရောက်လာမည်။
စုန်းမသား၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပြည့်တန်ဆာအမျိုးအနွယ်တို့၊ ချဉ်းကပ်ကြလော့။
လူမျိုးတော်ထဲမှ ပညာသတိရှိသောသူတို့သည် လူအများကို သွန်သင်လမ်းပြလိမ့်မည်။ သို့သော် သူတို့သည် ဓားဘေး၊ မီးဘေး၊ ဖမ်းခေါ်သွားခြင်းဘေး၊ တိုက်ခိုက်လုယက်ခြင်းဘေးတို့ကြောင့် ကာလအတန်ကြာပြိုလဲကြရလိမ့်မည်။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။
တစ်ဖန် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရန်နှင့် သားရဲ၏ရုပ်တုကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ဖြတ်စေရန် ထိုသားရဲ၏ရုပ်တုအား အသက်သွင်းပေးနိုင်သောအခွင့်ကို ရရှိလေ၏။
သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည်လည်း သူ၏တရားနှင့်မညီမေထုန်ပြုခြင်းစပျစ်ဝိုင်ဖြင့် ယစ်မူးကြ၏”ဟု မြွက်ဆိုပြီးလျှင်
ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။
သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။