ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ဗျာဒိတ် 7:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။ Common Language Bible ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။- Garrad Bible ထို နောက် ငါ မျှော် ကြည့် သော် ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အ နက် မည် သူ မျှ မ ရေ မ တွက် နိုင် သော လူ ပ ရိတ် သတ် ကြီး သည် ပ လ္လင် တော် နှင့် သိုး ငယ် တော့် ရှေ့ ဖွဲ့ ဖြူ ဝတ် လုံ ဆင် လျက် စွန် ပ လွံ လက် များ ကိုင် လျက်၊ Judson Bible ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးရှိ၏။ သူတို့သည် တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ ဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် လက်များ၌ စွန်ပလွံခက်များကိုကိုင်၍ ရာဇပလ္လင်တော်နှင့် သိုးသငယ်တော်ရှေ့၌ ရပ်နေကြ၏။ |
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ကိုယ်တော်သည် အရောင်အဝါတောက်ပတော်မူ၏။ သားကောင်ရှိရာတောင်များထက် ပို၍အသရေတင့်တယ်တော်မူ၏။
ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။ ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။ ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။
ကိုယ်တော်သည် အစ္စရေးအမျိုးအနွယ်အပေါ် ထားရှိသည့် မိမိ၏မေတ္တာကရုဏာတော်နှင့် သစ္စာတော်တို့ကို အောက်မေ့တော်မူပြီ။ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရကြပြီ။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
“ထိုကာလ၌ သူတို့သည် ဂျေရုဆလင်မြို့ကို ‘ထာဝရဘုရား၏ပလ္လင်’ဟု ခေါ်ဆိုကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ စုဝေးကြလိမ့်မည်။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ လိုက်ကြတော့မည်မဟုတ်။
တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်းပြန်ရာ ရေအလွန်နက်သောကြောင့် ငါသည် မြစ်ကိုဖြတ်မကူးနိုင်။ မြစ်သည် ဖြတ်ကူး၍မရတော့ဘဲ လက်ပစ်ကူးရသောအနေအထားသို့ ရောက်လေ၏။
နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။
ထို့နောက် ဒါရိမင်းကြီးသည် မြေတစ်ပြင်လုံးရှိနိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအပေါင်းတို့ထံသို့ စာရေးလိုက်၏။ ထိုစာတွင် “သင်တို့၌ ငြိမ်ဝပ်ချမ်းသာ တိုးပွားပါစေသော။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
သင်တို့သည် ပထမနေ့၌ ကောင်းသောအပင်၏အသီး၊ စွန်ပလွံခက်များ၊ အရွက်ဝေဆာသောအပင်၏အကိုင်း၊ ချောင်းဘေးရှိမိုးမခပင်များကို ယူ၍ ခုနစ်ရက်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။
ထိုနေ့ရက်တွင် လူမျိုးများစွာတို့သည် ထာဝရဘုရားထံလာရောက်ပူးပေါင်း၍ ငါ၏လူမျိုးတော် ဖြစ်လာလိမ့်မည်။ ငါသည် သင့်အလယ်၌ ကိန်းဝပ်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်ထံသို့ ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ထို့ကြောင့် သင်တို့သည် ဖြစ်ပျက်တော့မည့် ဤအမှုခပ်သိမ်းတို့မှ လွတ်မြောက်၍ လူ့သား၏ရှေ့တော်၌ မတ်တတ်ရပ်နိုင်ရန် အချိန်ရှိသရွေ့ နိုးနိုးကြားကြားရှိလျက် ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။
စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။
ဤသို့ဖြင့် ကောင်းကင်ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေမှ မရေတွက်နိုင်သောသဲပွင့်များကဲ့သို့လည်းကောင်း များစွာသောသူတို့သည် သေသူကဲ့သို့ဖြစ်နေသောလူတစ်ဦးထံမှ ပေါက်ဖွားလာကြ၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏အစေအပါးတို့သည် ကိုယ်တော်ကိုဝတ်ပြုကြလိမ့်မည်။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။
ထို့နောက် ငါကြည့်လိုက်ရာ ပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ပတ်ဝန်းကျင်မှ များစွာသောကောင်းကင်တမန်တို့၏အသံကိုကြားရ၏။ သူတို့၏အရေအတွက်သည် သိန်းသန်းကုဋေရှိ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထိုအခါ သူတို့တစ်ဦးစီအား ဖြူသောဝတ်လုံကိုပေးတော်မူပြီးလျှင် သူတို့နည်းတူ အသေသတ်ခြင်းခံရရန်ရှိသည့် သူတို့၏အစေအပါးချင်းများနှင့် သူတို့ညီအစ်ကိုများ၏အရေအတွက် ပြည့်စုံသည့်တိုင်အောင် နောက်ထပ် ခဏအနားယူကြရန် သူတို့အား မိန့်တော်မူ၏။
ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။