သင်မူကား အဆုံးတိုင်အောင် ဆက်လျှောက်လော့။ သင်သည် ငြိမ်းချမ်းစွာနေရမည်။ နောက်ဆုံးသောနေ့ရက်ကာလ၌ သင်သည် ရပ်၍ အမွေဝေစုကိုခံယူရလိမ့်မည်”ဟု ငါ့အား ဆို၏။
ဗျာဒိတ် 6:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့တစ်ဦးစီအား ဖြူသောဝတ်လုံကိုပေးတော်မူပြီးလျှင် သူတို့နည်းတူ အသေသတ်ခြင်းခံရရန်ရှိသည့် သူတို့၏အစေအပါးချင်းများနှင့် သူတို့ညီအစ်ကိုများ၏အရေအတွက် ပြည့်စုံသည့်တိုင်အောင် နောက်ထပ် ခဏအနားယူကြရန် သူတို့အား မိန့်တော်မူ၏။ Common Language Bible ထိုသူတို့သည်ဝတ်လုံဖြူတစ်ထည်စီကိုရပြီး လျှင် မိမိတို့နည်းတူအသတ်ခံရကြမည့် အစေခံချင်းနှင့်ညီအစ်ကိုချင်း အရေအတွက် ပြည့်သည့်တိုင်အောင်ခဏငြိမ်သက်စွာနေကြ ရန်အမိန့်ကိုရကြ၏။ Garrad Bible ဖွဲ့ ဖြူ ဝတ် လုံ တစ် ထည် စီ ရ ပြီး လျှင် သူ တို့ ကဲ့ သို့ ကွပ် မျက် ခံ ရ မည့် ကျွန် ချင်း နှင့် ညီ အစ် ကို ချင်း တို့ အ ရေ အ တွက် မ ပြည့် သည့် တိုင် အောင် ကာ လ အ နည်း ငယ် ဆိုင်း လင့် ရန် အ မိန့် ကို ခံ ရ ကြ၏။ Judson Bible ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့တစ်ဦးစီအား ဝတ်ရုံဖြူများကို ပေးတော်မူ၏။ သူတို့နည်းတူ အသတ်ခံရမည့် သူတို့၏အစေခံချင်း၊ သူတို့၏ညီအစ်ကိုမောင်နှမချင်း အရေအတွက်ပြည့်သည်အထိ အနည်းငယ်စောင့်ကြရန် သူတို့အား မိန့်တော်မူ၏။ |
သင်မူကား အဆုံးတိုင်အောင် ဆက်လျှောက်လော့။ သင်သည် ငြိမ်းချမ်းစွာနေရမည်။ နောက်ဆုံးသောနေ့ရက်ကာလ၌ သင်သည် ရပ်၍ အမွေဝေစုကိုခံယူရလိမ့်မည်”ဟု ငါ့အား ဆို၏။
ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။
ဘုရားသခင်သည် ငါတို့အတွက် သာ၍မြတ်သောအရာကို ကြိုတင်ပြင်ဆင်ပေးတော်မူသည်ဖြစ်၍ သူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်နိုင်ရာ။
ကောင်းကင်ဘုံစာရင်းဝင်သော သားဦးတို့၏အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကိုတရားစီရင်တော်မူသော ဘုရားသခင်ထံသို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူတို့၏ဝိညာဉ်များထံသို့လည်းကောင်း၊
အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။
ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူပြီး ကောင်းကင်နှင့် ကောင်းကင်၌ရှိသောအရာများကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီးပေါ်၌ရှိသောအရာများကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ရှိသောအရာများကိုလည်းကောင်း ဖန်ဆင်းတော်မူသောအရှင်ကို တိုင်တည်၍ “အချိန်ကာလကြာညောင်းတော့မည်မဟုတ်။
တစ်ဖန် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရန်နှင့် သားရဲ၏ရုပ်တုကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ဖြတ်စေရန် ထိုသားရဲ၏ရုပ်တုအား အသက်သွင်းပေးနိုင်သောအခွင့်ကို ရရှိလေ၏။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။