တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
ဗျာဒိတ် 21:26 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် လူမျိုးတကာတို့၏ဘုန်းအသရေနှင့် ဂုဏ်သရေတို့ကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။ Common Language Bible လူမျိုးတကာတို့သည်မိမိတို့၏ဘုန်းအသရေ နှင့်စည်းစိမ်ဥစ္စာများကိုထိုမြို့သို့ယူဆောင်လာ ကြလိမ့်မည်။- Garrad Bible လူ မျိုး ခြား တို့ ဘုန်း စည်း စိမ် ကို ပင် ဆောင် သွင်း ကြ လ တ္တံ့။ Judson Bible လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် မိမိတို့၏ ဘုန်းအသရေနှင့် ဂုဏ်အသရေကို ထိုမြို့ထဲသို့ ယူဆောင်လာကြလိမ့်မည်။ |
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့၏ဥစ္စာပစ္စည်းကို သင့်ထံသို့ယူဆောင်လာနိုင်မည့်အကြောင်း၊ သူတို့၏ရှင်ဘုရင်များကို သင့်ထံသို့ခေါ်ဆောင်လာနိုင်မည့်အကြောင်း သင်၏တံခါးတို့ကို ပိတ်မထားရ၊ နေ့နေ့ညညအစဉ်ဖွင့်ထားရမည်။
သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
လူမျိုးတကာတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြလိမ့်မည်။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည်လည်း မိမိတို့၏ဘုန်းအသရေကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။