ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
ဗျာဒိတ် 2:18 - မြန်မာ့စံမီသမ္မာကျမ်း သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။ Common Language Bible သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။- Garrad Bible သွာ တိ ရ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ မီး လျှံ အ ဆင်း စ က္ခု တော်၊ တိုက် ပြီး ကြေး အ ဆင်း ခြေ တော် ရှိ သော ဘု ရား သ ခင့် သား တော် က၊ Judson Bible သွာတိရမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြေးဝါစစ်နှင့်တူသော ခြေနှင့်လည်းကောင်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သွာတိရမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ မျက်လုံးတော်သည် မီးလျှံကဲ့သို့လည်းကောင်း၊ ခြေတို့သည် တောက်ပသောကြေးဝါကဲ့သို့လည်းကောင်း ဖြစ်တော်မူသော ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။ |
ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။
ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
ခမည်းတော်သည်သန့်ရှင်းစေလျက် ဤလောကသို့စေလွှတ်တော်မူသောသူက ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟု ဆိုသောအခါ ‘ဘုရားသခင်ကိုစော်ကားသည်’ဟု ထိုသူအား သင်တို့ဆိုကြသလော။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
သားတော်ကိုယုံကြည်သောသူသည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီဖြစ်၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။
မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
ဧဖက်မြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မိမိလက်ယာလက်တွင် ကြယ်ခုနစ်လုံးကိုကိုင်ထားသောသူ၊ ရွှေဆီမီးခုံခုနစ်ခုအလယ်၌ သွားလာသောသူက ဤသို့မိန့်တော်မူ၏။
သို့သော် ထိုမိန်းမ၏အယူဝါဒကိုမခံယူ၊ စာတန်၏နက်နဲသောအရာဟု သူတို့ခေါ်ဝေါ်သောအရာများကိုမသိသော သွာတိရမြို့မှ ကျန်ရှိသူအပေါင်းတို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ဝန်ပိုးကို ငါမတင်။