သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
ဗျာဒိတ် 19:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်၌ ပျံသန်းသောငှက်အပေါင်းတို့အား “ဘုရားသခင်၏ညစာစားပွဲကြီးသို့ လာ၍စုဝေးကြလော့။ Common Language Bible ထိုနောက်နေကိုကြည့်လိုက်သောအခါ၊ နေထဲ တွင်ကောင်းကင်တမန်တစ်ပါးရပ်လျက်နေသည် ကိုငါမြင်ရ၏။ သူသည်ကောင်းကင်အလယ်တွင် ပျံသန်းနေသောငှက်အပေါင်းတို့အား``လာကြ၊ ဘုရားသခင်၏စားပွဲတော်ကြီးသို့စုဝေး ကြလော့။- Garrad Bible တစ် ဖန် စေ တ မန် တော် တစ် ပါး သည် နေ တွင် ရပ်၍ ကောင်း ကင် အ လယ်၌ ပျံ ဝဲ သော ငှက် အ ပေါင်း တို့ အား ဘု ရား သ ခင်၏ စား သောက် ပွဲ တော် ကြီး သို့ စု ရုံး လျက်၊ Judson Bible ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိသည်ကို ငါမြင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်မြင်ရ၏။ သူက ကောင်းကင်အလယ်၌ ပျံဝဲနေသောငှက်အပေါင်းတို့အား ကျယ်လောင်သောအသံဖြင့် “ဘုရားသခင်၏ ညစာစားပွဲတော်သို့ လာ၍ စုဝေးကြလော့။ |
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
ကွင်းပြင်ရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။ တောထဲရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။
ငါ့အမွေသည် အရောင်အသွေးစုံသောသိမ်းငှက်နှင့်တူ၏။ အခြားသိမ်းငှက်တို့သည် ငါ့အမွေကို ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ တောရိုင်းတိရစ္ဆာန်အပေါင်းတို့၊ စုဝေး၍လာကြ။ ဝါးမျိုရန်လာကြ။
လဲကျသွားသောအပင်ပေါ်တွင် မိုးကောင်းကင်ငှက်တို့ နားနေပြီး အကိုင်းအခက်များကြားတွင် တောရိုင်းတိရစ္ဆာန်တို့ နေကြလိမ့်မည်။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။
ကြွင်းကျန်သောသူတို့မူကား မြင်းစီးသောသူ၏ခံတွင်းမှထွက်သောသန်လျက်ဖြင့် သတ်ဖြတ်ခြင်းခံရပြီး ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝလင်စွာစားရကြ၏။
ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။
ထို့ပြင် ထိုဖိလိတ္တိပြည်သားက ဒါဝိဒ်အား “ငါ့ထံသို့ လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်များ၊ တောတိရစ္ဆာန်များအား ကျွေးပစ်မည်”ဟု ဆို၏။