ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
ဗျာဒိတ် 18:15 - မြန်မာ့စံမီသမ္မာကျမ်း သူ့အားဖြင့် ချမ်းသာလာသောသူများဖြစ်ကြသည့် ထိုကုန်ပစ္စည်းတို့ကိုပိုင်ဆိုင်သောကုန်သည်တို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကို ကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ဝမ်းနည်းကြေကွဲ၍ ငိုကြွေးကြကာ Common Language Bible ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊- Garrad Bible ထို မြို့ ထွက် ကုန် စည် များ ကို ရောင်း ဝယ် ကြွယ် ဝ သော ကုန် သည် တို့ သည် ဤ ညှဉ်း ဆဲ ခြင်း ကို ကြောက် ရွံ့၍ အ ဝေး က ရပ် နေ လျက်၊ Judson Bible သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့ကို အမှီပြု၍ အဆိုပါပစ္စည်းများကို ရောင်းဝယ်ခြင်းဖြင့် ချမ်းသာလာကြသော ကုန်သည်များသည် ထိုမြို့ခံရသည့် ညှဉ်းဆဲမှုကို ကြောက်ရွံ့၍ အဝေးတွင် ရပ်လျက် |
ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
ထိုသိုးတို့ကို ဝယ်ယူထားသောသူတို့သည် ထိုသိုးတို့ကို သတ်ဖြတ်သော်လည်း အပြစ်ဒဏ်မခံရ။ ရောင်းသူတို့ကလည်း ‘ငါချမ်းသာပြီဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းပါ၏’ဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း ထိုသိုးတို့ကို မသနားကြ”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် သူတို့အားသွန်သင်လျက်“ ‘ငါ့အိမ်သည် လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်မဟုတ်လော။ သို့သော် သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သောသစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်သောပစ္စည်းအမျိုးမျိုး၊
သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။
သင်၏စိတ်နှလုံးတပ်မက်သောအသီးအပွင့်သည် သင့်ထံမှ ပျောက်ကွယ်သွားလေပြီ။ သင့်ကို အဆီယစ်စေသောအရာများနှင့် တင့်တယ်စေသောအရာတို့သည်လည်း သင့်ထံမှ ပျောက်ဆုံးသွားလေပြီ။ ထိုအရာများကို မည်သည့်အခါမျှတွေ့ရကြတော့မည်မဟုတ်။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။