ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။
ဗျာဒိတ် 17:16 - မြန်မာ့စံမီသမ္မာကျမ်း သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။ Common Language Bible သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။- Garrad Bible သင် မြင် သော ဦး ချို ဆယ် ချောင်း နှင့် သား ရဲ သည် ထို ပြည့် တန် ဆာ ကို မုန်း ထား သ ဖြင့် မြို့ ဆိုး ကုန်း အ ချည်း စီး ဖြစ် စေ လျက် သူ့ အ သား ကို စား၍ မီး ဖြင့် ကျွမ်း စေ ကြ လိမ့် မည်။ Judson Bible ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကို ချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။ |
ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။
ငါ့ကိုရန်ဖက်ပြုသောသူများနှင့် ငါ၏ရန်သူများဖြစ်ကြသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ငါ့အသားကိုကိုက်စားရန် ငါ့ထံသို့ချဉ်းကပ်လာကြသောအခါ ခလုတ်တိုက်၍လဲကျကြလိမ့်မည်။
တစ်ဖန် ငါကြည့်နေစဉ် ဝက်ဝံနှင့်တူသောဒုတိယသားရဲ ထွက်လာ၏။ ထိုသားရဲသည် ကိုယ်ကိုတစ်ဖက်ကြွထားပြီး နှုတ်တွင်လည်း နံရိုးသုံးချောင်းကို ကိုက်ထား၏။ အသံတစ်သံက သူ့အား ‘ထပါ။ အသားများများစားပါ’ဟု ဆို၏။
ယဇ်ပုရောဟိတ်တစ်ပါးပါး၏သမီးသည် ပြည့်တန်ဆာလုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်အသရေဖျက်လျှင် မိမိဖခင်ကိုအသရေဖျက်ရာရောက်သည်ဖြစ်၍ သူ့ကို မီးရှို့ရမည်။
တစ်ဖန် ကောင်းကင်၌ အခြားသောနိမိတ်လက္ခဏာကိုတွေ့မြင်ရ၏။ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထားသည့် နီရဲသောနဂါးကြီးတစ်ကောင်ရှိ၏။
ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။
ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီ။ တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။
ရှင်ဘုရင်တို့၏အသား၊ တပ်မှူးကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များမှစ၍ လူကြီးလူငယ်ရှိသမျှတို့၏အသားကို လာ၍ စားကြလော့”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။