သေခြင်း၏ကြိုးတို့သည် ငါ့ကိုရစ်ပတ်ထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
ဗျာဒိတ် 17:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်ကငါ့အား``ပြည့် တန်ဆာမထိုင်လျက်နေသည့်ရေသည်တိုင်းနိုင်ငံ များရှိဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးများ၊ ပြည်သူပြည်သားများဖြစ်၏။- Garrad Bible ပြည့် တန် ဆာ ထိုင် နေ ရာ သင် မြင် သော မြစ် ချောင်း များ ကား ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး အ နွယ် များ တည်း။ Judson Bible ယခုမြင်၍ ပြည့်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစု ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်က ကျွန်ုပ်အား “ပြည့်တန်ဆာဖြစ်သော ထိုဆိပ်ကမ်းမြို့ကြီးတည်ရှိရာ၌ စီးဆင်းနေသည့်မြစ်များသည် လူမျိုးအသီးသီး၊ လူထုအသီးသီး၊ တိုင်းနိုင်ငံအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများကို ကိုယ်စားပြု၏။ |
သေခြင်း၏ကြိုးတို့သည် ငါ့ကိုရစ်ပတ်ထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။
မြစ်နား၌နေ၍ ဥစ္စာကြွယ်ဝသောမြို့၊ သင်၏မတရားအကျိုးစီးပွားရှာခြင်းများ အဆုံးသတ်မည့်အချိန်ရောက်လာပြီ။
ဘေဘီလုံမြို့ကို ပင်လယ်ရေ လွှမ်းမိုးလေပြီ။ လှိုင်းလုံးကြီးများ ဖုံးအုပ်လေပြီ။
ထာဝရဘုရားသည် ဘေဘီလုံမြို့ကိုဖျက်ဆီး၍ ထိုမြို့မှ ဆူညံပွက်လောရိုက်နေသောအသံကို ဆိတ်သုဉ်းစေတော်မူ၏။ ရန်သူလှိုင်းလုံးကြီးသည် အဟုန်ပြင်းသောရေနှင့်တူ၏။ သူတို့မြည်ဟည်းသောအသံသည် ပဲ့တင်ထပ်လေပြီ။
ရေဝသောကြောင့် အပင်မှာ ကြီးထွားလေ၏။ မြေအောက်မှစိမ့်စမ်းရေကြောင့် အပင်မှာ မြင့်မားလျက်ရှိ၏။ မြစ်ရေသည် အပင်ခြေရင်းပတ်ပတ်လည်တွင် စီးဆင်း၏။ ရေသွယ်မြောင်းများသည်လည်း တောထဲရှိအပင်များအားလုံးဆီသို့ ရောက်၏။
ထိုအခါ “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ ရှင်ဘုရင်များနှင့်ပတ်သက်၍ ထပ်မံ ပရောဖက်ပြုဟောပြောရမည်”ဟူသောအမိန့်ကို ငါခံရ၏။
ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှ လူတို့သည် သူတို့၏အလောင်းများကို သုံးရက်ခွဲတိုင်တိုင်ကြည့်ရှုကြပြီး ထိုအလောင်းများကို သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခွင့်မပေးဘဲနေကြလိမ့်မည်။
ထို့နောက် ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ များစွာသောရေတို့အပေါ်ထိုင်နေသော ပြည့်တန်ဆာမကြီးခံရမည့် တရားစီရင်ခြင်းကို သင့်အား ငါပြမည်။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး