ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် သင့်စိတ်ထဲသို့ အတွေးများဝင်လာ၍ မကောင်းသောအကြံအစည်ကို ကြံစည်လိမ့်မည်။
ဗျာဒိတ် 17:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုဘုရင်တို့သည် တစ်စိတ်တစ်သဘောတည်းရှိ၍ မိမိတို့၏တန်ခိုးနှင့်အခွင့်အာဏာတို့ကို သားရဲအားပေးအပ်ကြလိမ့်မည်။ Common Language Bible ထိုဘုရင်များတွင်ရည်ရွယ်ချက်တစ်ခုတည်းရှိ ၏။ သူတို့သည်မိမိတို့တန်ခိုးအာဏာများကို သားရဲသို့ပေးအပ်ကြ၏။- Garrad Bible ထို မင်း တို့ သည် ကိုယ့် တန် ခိုး နှင့် အာ ဏာ ကို သား ရဲ သို့ အ ကြံ တူ အပ် နှံ လျက် သိုး ငယ် တော် နှင့် စစ် ပြိုင် ကြ ရာ၊ Judson Bible ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် မိမိတို့၏ တန်ခိုးနှင့် အာဏာစက်ကို သားရဲအား ပေးရန် သဘောတူထားကြ၏။ |
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် သင့်စိတ်ထဲသို့ အတွေးများဝင်လာ၍ မကောင်းသောအကြံအစည်ကို ကြံစည်လိမ့်မည်။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
တစ်စိတ်တစ်သဘောတည်းရှိ၍ စိတ်ဝမ်းမကွဲဘဲ တူညီသောမေတ္တာရှိလျက် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
အကြောင်းမူကား ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်များပြည့်စုံခြင်းသို့ရောက်သည်အထိ သူတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် မိမိတို့၏နိုင်ငံများကို သားရဲထံပေးအပ်ခြင်းအားဖြင့် ဘုရားသခင်၏အကြံအစည်တော်အတိုင်း ဆောင်ရွက်မည့်သဘောကို သူတို့၏စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူ၏။