ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။
ဗျာဒိတ် 15:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်၌ ကြီးမား၍အံ့သြဖွယ်ကောင်းသည့် အခြားနိမိတ်လက္ခဏာတည်းဟူသော နောက်ဆုံးဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ ထိုဘေးဒဏ်များအားဖြင့် ဘုရားသခင်၏ပြင်းစွာသောဒေါသသည် ပြည့်စုံခြင်းသို့ရောက်မည်ဖြစ်၏။ Common Language Bible ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။ Garrad Bible တစ် ဖန် အ ခြား မ ဟာ နိ မိတ် ထူး ကို ကောင်း ကင် ဘုံ၌ ငါ မြင် ရ သည် မှာ၊ ဘေး ခု နစ် မျိုး ဆောင် စေ တ မန် တော် ခု နစ် ပါး တည်း။ ထို ဘေး များ ကား ဘု ရား သ ခင့် အ မျက် တော် ပြီး စီး သော ကြောင့် အ န္တိ မ ဘေး များ တည်း။ Judson Bible တစ်ဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါး တည်းဟူသော၊ ကောင်းကင်၌ အံ့ဖွယ်သောနိမိတ်ကြီး အခြားတစ်ပါးကို ငါမြင်ရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။ |
ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။
သင်တို့သည် ငါ့ကို ဆက်လက်ဆန့်ကျင်၍ ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်နှင့်အလျောက် သင်တို့အပေါ်သို့ ဘေးဒဏ်ကို ခုနစ်ဆ ထပ်၍ကျရောက်စေမည်။
ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးချုန်းသံခုနစ်ချက်တို့သည် မိမိတို့အသံများဖြင့်မြွက်ဆိုကြ၏။
ဒုတိယအမင်္ဂလာသည် လွန်သွားလေပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန်ရောက်လာလိမ့်မည်။
ဘုရားသခင်၏အမျက်တော်ခွက်၌ မည်သည့်အရာမျှမရောစပ်ဘဲလောင်းထည့်သည့် ကိုယ်တော်၏ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်၏ရှေ့မှောက်တွင် ကန့်နှင့်မီးတို့ထဲ၌ ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
ထိုကောင်းကင်တမန်သည်လည်း သူ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလျက် မြေကြီးပေါ်မှစပျစ်ခိုင်ကိုရိတ်သိမ်းကာ ဘုရားသခင်၏ပြင်းစွာသောဒေါသနှင့်ဆိုင်သည့် ကြီးမားသောစပျစ်သီးနယ်ရာကျင်းထဲသို့ သွန်ချလိုက်၏။
ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ များစွာသောရေတို့အပေါ်ထိုင်နေသော ပြည့်တန်ဆာမကြီးခံရမည့် တရားစီရင်ခြင်းကို သင့်အား ငါပြမည်။
လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။
ထို့နောက် နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်နေသောဖလားခုနစ်လုံးကို ကိုင်ဆောင်သည့်ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ သိုးသငယ်တော်၏ဇနီးသည်ဖြစ်သော သတို့သမီးကို သင့်အားငါပြမည်”ဟု ဆို၏။
ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ သူတို့အား တံပိုးခရာခုနစ်ခုကိုပေးထား၏။
ထိုအခါ တံပိုးခရာခုနစ်ခုရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် တံပိုးခရာကိုမှုတ်ရန် ပြင်ဆင်ကြ၏။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။