ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။
ဗျာဒိတ် 13:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုသားရဲသည် ပထမသားရဲ၏အာဏာရှိသမျှကို သူ၏ရှေ့မှောက်၌သုံးစွဲပြီး ကမ္ဘာမြေကြီးမှစ၍ ၎င်းပေါ်တွင်နေထိုင်သောသူတို့အား သေစေသောဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။ Common Language Bible သူသည်ပထမသားရဲ၏အာဏာရှိသမျှ ကိုထိုသားရဲ၏ရှေ့တွင်သုံးစွဲ၏။ သူသည် သေလောက်သည့်ဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကိုကမ္ဘာသူကမ္ဘာသားတို့ အားကိုးကွယ်စေ၏။- Garrad Bible ပ ထ မ သား ရဲ၏ အ ခွင့် အာ ဏာ ရှိ သ မျှ ကို သူ့ ရှေ့ တွင် ဆောင် လျက် သေ ဒဏ် ချက် ကင်း ပျောက် ပြီး ပ ထ မ သား ရဲ ကို မြေ ကြီး နှင့် နေ ထိုင် သ မျှ တို့ ရှိ ခိုး ကြ စေ၏။ Judson Bible ထိုသားရဲသည် သူ့အရင်ဖြစ်သော ပထမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက် ပျောက်ခဲ့ပြီးသော ပထမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှာ ပြု၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ပထမသားရဲ၏ အခွင့်အာဏာအလုံးစုံကို သူ၏ကိုယ်စားအသုံးပြု၏။ ထို့ပြင် ကမ္ဘာမြေကြီးနှင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့အား သေနိုင်လောက်သောဒဏ်ရာမှ ပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။ |
ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။
ငါမြင်ရသောထိုသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာကို သူ့အားပေးအပ်လေ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
သူတို့ခံရသည့်ညှဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ့အမည်၏အမှတ်တံဆိပ်ကိုခံယူသောသူသည် နေ့ရောညပါ သက်သာရာရလိမ့်မည်မဟုတ်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။
တစ်ဖန် တတိယကောင်းကင်တမန်သည် သူတို့နောက်မှလိုက်လာ၍ “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်လျက် မိမိနဖူးပေါ်တွင်ဖြစ်စေ၊ မိမိလက်ပေါ်တွင်ဖြစ်စေ သူ၏အမှတ်တံဆိပ်ကိုခံယူသောသူသည်
ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။
သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။