ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။
ဗျာဒိတ် 1:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။ Common Language Bible သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။- Garrad Bible မျှော် မြင် သည့် အ တိုင်း ယ ခု ဖြစ် ဆဲ အ ကြောင်း အ ရာ၊ နောက် ဖြစ် လ တ္တံ့ အ ကြောင်း အ ရာ များ ကို ရေး သား လော့။ Judson Bible ထိုကြောင့်၊ သင်သည် မြင်ပြီးသော အရာတို့ကိုလည်းကောင်း၊ ယခုရှိသော အရာတို့ကိုလည်းကောင်း၊ နောင်ဖြစ်လတ္တံ့သော အရာတို့ကိုလည်းကောင်း ရေးထားလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်မြင်ခဲ့ရသည့်အရာများ၊ ယခုဖြစ်ပျက်နေသောအရာများနှင့် အနာဂတ်တွင်ဖြစ်ပျက်မည့်အရာများကို ရေးထားလော့။ |
ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုကြသောအခါ ငါသည်ရေးမှတ်မည်ပြုစဉ် ကောင်းကင်မှအသံက “မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုသောအရာများကို တံဆိပ်ခတ်ထားလော့။ ၎င်းတို့ကိုရေးမှတ်မထားနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။