အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ဖိလေမုန် 1:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် သင်ပြုသင့်သည့်အရာကိုပြုရန် အမိန့်ပေးနိုင်သည်ဟု ခရစ်တော်အားဖြင့် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသော်လည်း Common Language Bible ဤအကြောင်းကြောင့်ငါသည်ခရစ်တော်၌ညီ အစ်ကိုချင်းအနေဖြင့် သင်ပြုသင့်သည့်အမှု အရာကိုပြုရန်အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည်သင့်ကိုချစ်သော ကြောင့်သင့်အားမေတ္တာရပ်ခံပါ၏။ ခရစ်တော် ယေရှု၏သံတမန်ဖြစ်သူ၊ ယခုအခါခရစ် တော်ယေရှုအတွက်အကျဉ်းခံနေရသူငါ ပေါလုသည်သင့်အားမေတ္တာရပ်ခံပါ၏။- Garrad Bible သို့ ဖြစ်၍ တာ ဝန် ကို သင် ပြု ရန် ခ ရစ် တော် အား ဖြင့် မိန့် မှာ ဝံ့ သော် လည်း၊ Judson Bible ထိုကြောင့်၊ သင်သည် ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှာ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာ အခွင့်ရှိသော်လည်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်သည် သင့်အား သင့်လျော်သောအရာကို လုပ်ဆောင်ရန် ခရစ်တော်အားဖြင့် ရဲဝံ့စွာ အမိန့်ပေးနိုင်သော်လည်း |
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။
ငါတို့သည် ဤသို့သောမျှော်လင့်ခြင်းရှိသည်ဖြစ်၍ အလွန်ရဲရင့်စွာဖြင့်ပြုမူလျက်
မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။
သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။
ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ